အပိုင်း ၃၉(Uni)(Zawgyi)

989 96 4
                                    

Uni

ခြေဦးတည့်ရာလျှောက်သွားခြင်း

လဲ့ယောင်းယောင်း ရှောင်မုဇီ ကို ဖမ်းဆုပ်လိုက်သည်။

“ဟင်?  နန်းတော်ကနေ  ထွက်သွားမှာလား?”


ဒါကိုကြားတော့ ရှောင်မုဇီ အနည်းငယ် စိတ်ပူသွားပုံရတယ် ။

“ဟုတ်တယ်!  လျှောက်သွားကြရအောင်။ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့တာဝန်တွေက ပြီးသွားပြီလေ။ ဒီမှာက အရမ်းပျင်းစရာကောင်းတယ်။ ဒါက အချိန်အတိုင်းအတာတစ်ခုကို သတ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ!”


လဲ့ယောင်းယောင်းကို ကြည့်ရတာ စိတ်အားထက်သန်လွန်းတယ်။  ရှောင်မုဇီက အလွန်ထက်မြတ်ခြင်းမရှိသော်လည်း သူလည်းမတုံးပါဘူး။  လဲ့ယောင်းယောင်း ၏ စကားကိုကြားပြီးနောက်၊ သူက လဲ့ယောင်းယောင်းကို ဝေးလံခေါင်သီသော အရပ်ဆီသို့ ဆွဲခေါ်သွားပြီး အသံကို လျှော့လိုက်ကာ လှည့်ကြည့်လိုက်သည်။

“ငါ့ရဲ့ချစ်လှစွာသော ရှောင်ယောင်းဇီရေ။  ကျေးဇူးပြုပြီး ဘယ်အရာကိုမှ ထပ်ပြီးရူးရူးမိုက်မိုက်မလုပ်ပါနဲ့တော့။ မင်းဒီနန်းဆောင်ထဲက ထွက်သွားနိုင်ရင်တောင် မင်းနန်းတွင်းအစောင့်တွေကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။  အရင်တုန်းကတော့ မင်းသား ယွေ့ ကြောင့် မိန်းမစိုးလေးတွေ ထွက်ပြေးဖို့ ကြိုးစားကြတာကို ငါကြားဖူးတယ်။  ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး အဖမ်းခံခဲ့ရတယ်။ ဒါ့အပြင် သူတို့အားလုံး အလွန်ဆိုးဆိုးရွာရွားကြီး ရိုက်နှက်ခံခဲ့ရတယ်။  အဲ့ဒါကြောင့် ထွက်ပြေးဖို့ အကြံအစည်အားလုံးကို ဖျက်ဆီးပစ်ဖို့ ငါတိုက်တွန်းချင်တယ်။  မင်းရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ ဆယ်ချက်လေး ရိုက်နှက်တာကိုတောင် အသက်ရှင်နိုင်ပါ့မလား!”

ရှောင်မုဇီက လဲ့ယောင်းယောင်း အတွက် အလွန်ပင် စိတ်ပူနေခဲ့သည်။လဲ့ယောင်းယောင်း အဆက်မပြတ် ထွက်ပြေးရန် ကြံစည်နေမှန်းကို သူသိတယ်။  ဒါပေမယ့် သူတို့နှစ်ယောက်လုံး မင်းသားလေးရဲ့ နန်းဆောင်ကို နေ့ချင်းညချင်း ရောက်လာပြီးကတည်းက သူတို့နှစ်ယောက်လုံးရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။  ဒါကြောင့် သူက လဲ့ယောင်းယောင်းကို မည်သည့်အရာကိုမှ မဖြစ်စေချင်ခဲ့ပေ။ မင်းသားကို ခစားရခြင်းမှာ အလွန်ကြောက်စရာကောင်းမှန်းကို ရှောင်မုဇီလည်းသိပါတယ်။ သို့ပေမယ့်လည်း သူ့မိတ်ဆွေကောင်းကိုတော့ ပိုစွန့်စားရတဲ့ လမ်းကြောင်းကို မရောက်စေချင်ဘူး။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now