အပိုင်း ၅၂ (Uni)(Zawgyi)

1K 87 0
                                    

Uni

ငရဲမင်းအား နှိပ်နယ်ပေးခြင်း

နောက်ဆုံးတွင် လဲ့ယောင်းယောင်းက မြေပြင်မှထကာ တုန်ယင်နေသောလက်များကို ဆန့်ထုတ်လိုက်သည်။  မင်းသား ယွေ့ရဲ့  xx ကို လျစ်လျူရှုပြီး ၎င်း၏ အောက်ခြေထောက်ကို အာရုံစိုက်ဖို့ သူမမှာရှိတဲ့ အစွမ်းမှန်သမျှ လိုအပ်သည်။

မင်းသား ယွေ့ရဲ့ ခြေထောက်တွေက ရှည်လျားသွယ်လျသည်။  ကြည့်လိုက်ရုံနဲ့ သူမက အကန့်အသတ်မဲ့ စွမ်းအားတွေကို ခံစားနိုင်နေပြီ။

သူ့အရေပြားမှာ ကျန်းမာတဲ့ ကြေးနီရောင်ရှိတယ်။  နောက်ပြီး သူ့ခြေထောက်တွေမှာ အမွှေးကောက်ကောက်တွေ ရှိတယ်...

​ဟော့ တဲ့လူက တကယ်ကို ဟော့တဲ့သူပါ။  သူ့ခြေထောက်အမွှေးတွေတောင် sexy ကျတယ်..

လဲ့ယောင်းယောင်းက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။  သူမလက်တွေက မင်းသား ယွေ့ရဲ့ အောက်ပိုင်းခြေထောက်ကို ဖိနေပြီဖြစ်သည်။

သူမမိသားစုက သူမအရင်ဘဝက ချမ်းသာလာခါစတွင် တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော်ငြားလည်း သူမဖခင်က သူ့ကိုနှိပ်နယ်ပေးသည့်အခါတိုင်း ၎င်းကို သဘောကျသည်။

အဲဒါက သူ့အဖေရဲ့ အဖေနဲ့သမီး ဆက်ဆံရေးကို တိုးလာစေတာ သိသာတယ်၊ ဒါကြောင့် အားလပ်တဲ့အချိန်တိုင်း သူ့အဖေကို အနှိပ်ခံဖို့ အစပြုတယ်။

ဆိုရိုးစကားအတိုင်း "ကျင့်ကြံခြင်းက ပြီးပြည့်စုံစေသည်"  အရမ်းမှန်ပါတယ်။  ဖခင်ဖြစ်သူနဲ့ အဆက်မပြတ် လေ့ကျင့်ပြီးနောက်တွင် အံ့သြဖွယ်ကောင်းသော နှိပ်နယ်နည်းများကို တီထွင်ခဲ့သည်။  သူ့အဖေက သူ့ကို အမြဲချီးကျူးပေးတတ်တယ်။  စီးပွားရေးတွင် ကြီးမြတ်သော သခင်များ၏ အရည်အချင်းများသည် သူမနှင့် မနှိုင်းယှဉ်နိုင်ဟု တိုက်ရိုက်ပင် ပြောခဲ့သည်။

ထို့ကြောင့် လဲ့ယောင်းယောင်းက သူမရဲ့ နှိပ်နယ်မှုစွမ်းရည်ကို အလွန်ယုံကြည်မှု ရှိခဲ့သည်။

ဒါနဲ့ သူမ ဆက်ပြီး နှိပ်လိုက်တယ်။  ရံဖန်ရံခါ သူမက ငရဲမင်းရဲ့ အမူအရာကို ကြည့်ဖို့ တိတ်တဆိတ် ချောင်းကြည့်တတ်သည်။  သူမအသုံးပြုနေသော ခွန်အားပမာဏသည် သူ့အတွက် ကျေနပ်မှုရှိမရှိကို သူမကြည့်ချင်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now