အပိုင်း၅၄ (Uni)(Zawgyi)

1.1K 103 7
                                    

Uni

ငှက်ကလေးက ကြီးလာတယ်


ပထမတော့ လဲ့ယောင်းယောင်းက မင်းသား ယွေ့က သူဌေးဖြစ်တာကြောင့် သူ့ကို လွှတ်လိုက်မယ်လို့ ထင်ခဲ့တာ။  သူမက အလွန်ကျေးဇူးတင်မိသည်။  မထင်မှတ်ပဲ သူက သူမကို ပိုမြင့်အောင် နှိပ်ပေးဖို့ ပြောခဲ့တာလား? လဲ့ယောင်းယောင်းက ကျောက်တုံးကဲ့သို့ တောင့်တင်းသွားသည်။

သူမမျက်ရည်ကျချင်ပေမယ့် ဘာမှမရှိခဲ့ဘူး။

ရှင်က လှည့်စားတဲ့လူ !!

ငါ့ကို စက်ရုပ်လို့ ထင်​နေတာလား? ငါပင်ပန်းနေပြီ!  အားးးးး!!

လဲ့ယောင်းယောင်းက ရင်တွင်း၌ အော်ဟစ်နေသော်လည်း “ဟင့်အင်း”လို့မပြောရဲပေ။  အမှန်​က​တော့ သူမ​သေ​တော့မှာကို​ကြောက်​သည်​။  -_-”

ထို့ကြောင့် သူမသည် ငရဲမင်း၏ ညွှန်ကြားချက်ကို လိုက်နာပြီး လက်နှစ်ဖက်ကို ဒူးများဆီသို့ မြင့်တင်လိုက်သည်။

“မဟုတ်ဘူး၊ အထက်ကိုထပ်တက်”

မမျှော်လင့်ဘဲ ငရဲမင်းက ထပ်ပြောလာပြန်တယ်။

မင်း သူ့ကို အပြစ်တင်လို့ မရဘူး။  နောက်ဆုံးတော့ မိန်းမစိုးငယ်လေးရဲ့ နှိပ်နယ်မှုစွမ်းရည်က ရိုးသားလွန်းတယ်။  သူက တခြားမိန်းမစိုးတွေနဲ့ ယှဉ်ရင် တော်တော်ကောင်းတယ်။

တကယ်တော့ ပြီးခဲ့တဲ့လက မိန်းမစိုးက ဝက်ရူးပြန်ရောဂါ စွဲကပ်နေပုံရတယ်။  သူ့ကိုကြည့်ရုံနဲ့ လန်ဂျင်းယွိ ဒေါသထွက်သွားတယ်။  ဤကဲ့သို့ ကောင်းမွန်သောနည်းစနစ်ရှိသူကို ရှာတွေ့ရန်မှာ ရှားရှားပါးပါးဖြစ်သောကြောင့် လန်ဂျင်းယွိက "သူ့ကို" အလွယ်တကူ လွှတ်ထားမည်မဟုတ်သည်မှာ ထင်ရှားပါသည်။

ဒါပေမယ့် "သူ" က သူ့အောက်ခြေထောက်ကို ကောင်းကောင်း နှိပ်နယ်ပေးခဲ့ပေမယ့် တူညီတဲ့နေရာကို ဆက်မနှိပ်နိုင်တော့ဘူးလား ?

လန်ဂျင်းယွိက အလွန်အလုပ်များသူတစ်ဦးဖြစ်သောကြောင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော်ငြားလည်း ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများစွာကို ခံစားခဲ့ရသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now