အပိုင်း ၅၁(Uni)(Zawgyi)

1K 91 5
                                    

Uni

မင်းသားယွေ့ရဲ့ငှက်


သို့သော် သူက ငယ်ရွယ်ပြီးသန်စွမ်းသည် သူ့အသက်အရွယ်မှာ လိင်ဆက်ဆံချင်တဲ့စိတ် ပြင်းပြတာက ပုံမှန်ပါပဲ။

ဒါပေမယ့် လောလောဆယ်မှာတော့ သူက ဒီမိန်းမစိုးတစ်ယောက်နဲ့ ဒီလို အတွေးတွေ ရှိနေတာလား?! ဘာလဲကွာ?


လန်ဂျင်းယွိ အရမ်းစိတ်ပျက်ပြီး စိတ်ရှုပ်သွားတယ်။

သူ့ပတ်ဝန်းကျင်မှာ မိန်းမတွေ မရှိလို့ ဖြစ်နိုင်လား? ရလဒ်အနေနဲ့ သူ့မှာအသက်ရှူမှားလောက်တဲ့ မိန်းမစိုးအတွက် မသင့်လျော်တဲ့ အတွေးတွေ ရှိတာလား?

သူ့နောင်တော် ဧကရာဇ် ပြောတာ မှန်တယ်။ မိန်းမယူဖို့သူ့အတွက် အချိန်တန်ပြီလား?

ဒါပေမယ့် လန်ဂျင်းယွိက မျက်နှာချေမှုန့်အထူကြီးတွေအကြောင်း တွေးမိရင်း အော့အန်ချင်စိတ်ဖြစ်သွားတယ်။

ဘာလို့လဲဆိုတော့ သူကမျက်နှာချေအနီရောင်အမှုန့်ရဲ့အနံ့ကို မနှစ်သက်ဘူးလေ အနံ့က သူ့နှာခေါင်းကို ယားယံစေပြီး နှာချေလာအောင်လုပ်တယ်။ မိန်းမစိုးလေးမှာ ဖြူဖွေးနူးညံ့တဲ့ မျက်နှာရှိတယ်  အလွန်သန့်ရှင်းပြီး ချောမွေ့ပုံရတယ် အဲ့မျက်နှာလေးကိုမင်း လေနဲ့မှုတ်လိုက်ရင် ကျိုးပဲ့သွားနိုင်တယ်။

ထို့အပြင် “သူ” က ရေမွှေး မသုံးသော်လည်း၊ သူ့ခန္ဓာကိုယ်က ဂျပန်နှင်းဆီရဲ့ သဘာဝရနံ့ဖျော့ဖျော့လေးကို ပေးစွမ်းသည်။


လန်ဂျင်းယွိ အဲ့ အကြောင်းကို များများတွေးလေလေ တက်ကြွလာလေလေပဲ ။ သူ လဲ့ယောင်းယောင်း ပိုပိုပြီး စူးစူးစိုက်​စိုက်​ကြည့်​လိုက်​တယ်......


တစ်ခဏချင်း သူပျင်းရိပြီး အိပ်ငိုက်နေတယ်ဆိုရင် အခုတော့ သူ့ရဲ့အေးခဲနေတဲ့ မျက်လုံးထဲမှာ တောက်လောင်နေတဲ့ မီးတောက်နဲ့ ငတ်မွတ်ခေါင်းပါးတဲ့ သားရဲတစ်ကောင်ဖြစ်နေပါပြီ။သူ ရေငတ်နေပြီး  ယုန်ဖြူလေးကို ရက်ရက်စက်စက် ခုန်အုပ်ပြီး လုံး၀ကိုအကောင်လိုက်မျိုချပစ်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေတယ်.......

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now