အပိုင်း ၁၂(Uni)(Zawgyi)

1.5K 131 0
                                    

Uni

ဓားစာခံအဖြစ် ချုပ်နှောင်ခံရခြင်း

အခြားလူသတ်သမားအားလုံးက ချက်ချင်းပင် ဆူညံသွားတော့သည်။  သူတို့ ကဲ့ရဲ့ လှောင်ပြောင်မှုကြောင့် လဲ့ယောင်းယောင်း ရဲ့ သွေးတွေ ဆူပွက်သွားသည် ။

နင့်အမေပဲ ယောက်ျားမဟုတ်၊ မိန်းမမဟုတ် !  နင်တို့ မိသားစုတစ်စုလုံးကသာ ယောကျာ်းမဟုတ် မိန်းမမဟုတ်တွေ !

လဲ့ယောင်းယောင်းက ဒေါသထွက်လွန်းတာကြောင့်  သူမ မျက်နှာသေးသေးလေးက နီရဲတောက်ပနေသည် ။  သူမ၏ လက်နှစ်ဖက်စလုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူမက ထိုအနိုင်ကျင့်သူများကို လိုက်ရိုက်ချင်ပုံရသည်။

လန်ဂျင်းယွိက ဂရုမစိုက်သလိုဖြစ်နေပေမယ့် ငရဲဘုရင်က နက်နဲတဲ့ ဒေါသတွေထွက်နေတာကို လဲ့ယောင်းယောင်း သိတယ်။  ပြီးတော့ ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်။

လန်ဂျ​င်းယွိရဲ့ အမူအရာကို မည်သူမျှ မဖတ်နိုင်ဘဲ သူ့အမူအရာသည် နက်ရှိုင်းသော ရေကန်ထဲ ကြည့်နေရသလိုပင်။  သို့တိုင် သူထုတ်လွှတ်သော ရောင်ဝါသည် ငရဲဆယ့်ရှစ်အဆင့်မှ ဆင်းသက်လာသလို ခံစားရသည်။  လူသားစားချင်နေသလိုမျိုးပဲ

သူ စကားတစ်ခွန်းမှ မပြောပေမယ့် သူ့လုပ်ရပ်က အကုန်ပြောနေတာပဲ။

လဲ့ယောင်းယောင်းက ရိုးရှင်းတဲ့ဘဝမှာ ကြီးပြင်ခဲ့တာ ။  သူမက တီဗီထဲကလွဲပြီး ကြမ်းတမ်းသောမြင်ကွင်းများကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

အခုတော့ သူမက အရာအားလုံးကို live ကြုံတွေ့နေရပါတယ်။  နောက်ဆုံးတော့ စစ်မှန်တဲ့ တိုက်ခိုက်ရေးသမားကို သူမတွေ့ခွင့်ရခဲ့တယ်။

စိတ်ထဲမှာတော့ ရှောင်မုဇီ သူမကို တစ်ချိန်က ပြောခဲ့ဖူးတာကို ပြန်သတိရမိသည် ။

- မင်းသား ယွေ့ ရဲ့ အရည်အချင်းက မယုံနိုင်စရာပဲ။  ဘုရားသခင်နှင့် မာရ်နတ်ကတောင် သူ့လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။  သူက မညှာမတာဖြစ်ပြီး ရက်စက်သည်။  သူက သန်မာပြီး ကြီးကျယ်ခမ်းနားသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now