အပိုင်း၁၄(Uni)(Zawgyi)

1.4K 119 1
                                    

Uni

ငရဲမင်း၏ ပျော့ပြောင်းသောအမူအရာ

လောလောဆယ်တော့ ပါးဟူက လန့်နေတယ်။

လန်ဂျင်းယွိက ပါးဟူ၏ကြောက်ရွံ့မှုကို ခံစားရပုံပေါ်သည်။  ပါးလွှာသော အနီရောင် နှုတ်ခမ်းများက အတိတ်နမိတ်မကောင်းတဲ့ ပြုံးဖြဲဖြဲအပြုံးက ပေါ်လာသည် ။

လန်ဂျင်းယွိအပြုံးက အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသော်လည်း ဆွဲဆောင်မှုရှိနေသေးတယ် ;  အနီရောင်ကြာပန်းကဲ့သို့ပင်

"ဘယ်လိုသေချင်လဲ ?"

လန်ဂျင်းယွီရဲ့ အေးစိမ့်စိမ့်အသံက ထွက်ပေါ်လာသည် ။ သူ့အသံရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း အက်ရှရှနဲ့ သုံးဆယ်ရာခိုင်နှုန်း ပျင်းရိနေပုံပါပဲ။  ငရဲက ဆင်းလာသလိုပဲ၊  သာမာန်လူသားတိုင်း တုန်လှုပ်ချောက်ချားနေလိမ့်မယ်။

ထို့အပြင် သူ၏ မကြောက်မရွံ့သော အမူအရာမှာ အလွန်ပင် လွန်ကဲလွန်းလှသည်။  ပါးဟူက သူ့ဘောင်းဘီထဲ သေးထွက်လုနီးပါးပဲ ။  လဲ့ယောင်းယောင်း လည်ပင်းကို ကိုင်ထားတဲ့ သူလက်က လှုပ်ရမ်းသွားတာကြောင့် သူမအရေပြားကို ပြတ်ပြတ်သားသား ဖြတ်သွားတာကြောင့် သွေးတစ်စက်ကျလာသည်။

လဲ့ယောင်းယောင်း အသက်ရှုကြပ်သွားပြီး အသံတိုးတိုးလေးထွက်သွားတယ်  "အ့ ....နာတယ်..."

သူမလည်ပင်းက ဒဏ်ရာကြောင့် လဲ့ယောင်းယောင်း မျက်နှာကစာရွက်တစ်ရွက်လို ကြေမွသွားသည်။

သို့သော် သူမ၏အသံက ပါးဟူမှာ ဝှက်ဖဲကတ်ရှိနေသေးကြောင်း မှတ်မိစေခဲ့သည်။

ဒါကိုတွေးရင်း ပါးဟူက ရဲရင့်လာခဲ့သည်။  ငရဲမင်းက သူ့အဖော်၏ အသက်ကို စွန့်လိမ့်မည်ဟု မထင်ပေ။  သူဘေးကင်းနိုင်တယ်။

"ဟမ့်!  မင်းအနားကို မလာရဲဘူးလား ?!  မင်းလုပ်ရင် ငါသတ်ပစ်မယ်!"သူက  ကျယ်လောင်စွာ ခြိမ်းခြောက်လိုက်သည်။

ဒါကိုကြားတော့ လဲ့ယောင်းယောင်း လည်ပင်းမှာ နာကျင်မှုတွေ မရှိတော့ဘူး ။  နောက်ဆုံးတော့ သူမ ခေါင်းဖြတ်မခံချင်ဘူး။  သူမက လန်ဂျင်းယွိဘက်ကို ချက်ချင်းအာရုံပြောင်းလိုက်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now