အပိုင်း ၄၃(Uni)(Zawgyi)

946 86 2
                                    

Uni

သူတို့တွေက မင်းသား ယွေ့ရဲ့ အိမ်တော်ထဲကပဲ!

“အိုက်ရား!  အရမ်းနာတယ်ဟ!သေစမ်း !  ခွေးမသား! သူ့မှာ ဝက်ဝံရဲ့ နှလုံးသားနဲ့ ကျားသစ်ရဲ့ သတ္တိရှိလား?  သူငါ့ကို ဘယ်လိုတောင် သတ္တိရှိရှိ ရိုက်ရတာလဲ?”

ရှီးချန်က သူ့အရိုက်ခံထားရသော မျက်နှာကို ဖုံးကာ ကျိန်ဆဲရင်း နာကျင်စွာနဲ့ ရှုံ့တွနေသည်။ သူ၏ မြင်းမောင်းသမားနှင့်  သက်တော်စောင့် (2 in 1) လီကွေ့ က တစ်ခုခုမှားနေပြီဆိုတာ သိသွားပြီး သူ့ကိုလိုက်ရှာခဲ့ပါတယ်။  ရှီးချန် မြေပြင်ပေါ်တွင်ရှိနေသည်ကို မြင်သောအခါ သူကိုကူညီပေးရင်း “သခင်လေး ၊ သခင်လေးကို တိုက်ခိုက်တဲ့ သူတွေရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လို့လား?” လို့ မေးခဲ့ပါတယ်။

“ရား ။  မင်းကငတုံးလား? ငါသူတို့ကိုမြင်လိုက်ရင် ငါဒီမှာရပ်နေမယ်လို့ မင်းထင်လား? အဲ့လူတွေကိုသာမြင်လိုက်မယ်ဆိုရင် အိမ်တွေကို စီးနင်းပြီး သူတို့ကို ဖမ်းဖို့ လူတွေကို ငါစေလွှတ်ပြီးနေပြီ!"  ရှီးချန်က လီကွေ့ ကို မျက်စောင်းထိုးကာ အော်ဟစ်ရင်း အံကြိတ်ထားသည်။

ဒါပေမယ့် လီကွေ့ ရဲ့ ပြင်းထန်တဲ့ အမူအရာတွေကို မြင်လိုက်ရတော့ သူ့လေသံက အားပျော့သွားခဲ့တယ်။

နောက်ဆုံးတော့ ဒါက သူ့အဖေကငှားဖို့အတွက် ပိုက်ဆံအများကြီးသုံးခဲ့ရတဲ့ သက်တော်စောင့်ပါပဲ။  သူ့အဖေက အရင်တုန်းက ပြစ်မှုတွေ အများကြီး ကျူးလွန်ခဲ့ဖူးတဲ့အတွက် လူတွေက သူ့ကို လက်စားချေပြီး နာကျင်အောင် လုပ်မှာကို စိုးရိမ်တယ်လို့ပြောတယ်။  ဒါကြောင့် လီကွေ့အား သူ့ကို ကာကွယ်ဖို့အတွက် ငှားဖို့ ဆုံးဖြတ်လိုက်တယ်။

 မထင်မှတ်ပဲ အဲဒီနှစ်ယောက်က ရှီးချန် ကို အိမ်သာအပြင်ဘက်မှာ ချုံခိုတိုက်ခိုက်ရင်း အဆုံးသတ်သွားခဲ့တယ်။အစောင့်အကြပ်တွေလွတ်သွားကတည်းက သူ သူတို့ရဲ့မျက်နှာကိုတောင် မမြင်လိုက်ရဘူး။  ဒါကို သူမျိုချဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး!

ရှီးချန်က သူ သူတို့ကို ဖမ်းမမိနိုင်ခဲ့လို့ အငွေ့ထွေထောင်းထောင်းထပြီး ရူးနေပြီး သူ ဒေါသအရမ်းထွက်ပြီး ပေါက်ကွဲတော့မလိုခံစားနေရတယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now