အပိုင်း ၅၆(Uni)(Zawgyi)

1K 101 6
                                    

Uni

ရှောင်မုဇီ လန့်သွားတယ်

သူမခေါင်းက အရမ်းလေးနေပြီး အရမ်းအေးနေတယ်။  သူမတကယ်အိပ်ချင်နေပြီ...

လောလောဆယ်မှာတော့ လဲ့ယောင်းယောင်းက ဆိုးရွားစွာ ခံစားနေရပါတယ်။  သူမ၏ မျက်ခွံများသည် တဖြည်းဖြည်း ပိုပိုလေးလာသည်။

မျက်လုံးကို အဆက်မပြတ်ဖွင့်ကြည့်ပြီးနောက် လဲ့ယောင်းယောင်းက ခေါင်းမူးခြင်းလှိုင်းကို မခုခံနိုင်တော့ပေ။  မကြာခင်မှာပင် သူမက အမှောင်ထုထဲ ကျရောက်သွားခဲ့သည်။

—–

နေရာတိုင်းက မည်းမှောင်နေတယ်။  လဲ့ယောင်းယောင်းက သူမဘယ်ရောက်နေလဲ မသိဘူး။  ဆင်းရဲဒုက္ခတွင်းထဲ ရောက်နေသလို ခံစားရတယ်။

ရုတ်​တရက်​ပင်​ သူမက ​ရေခဲလှိုဏ်​ဂူထဲသို့ ကျသွားသလိုမျိုး ​အေးစက်​သွားသည်​။  သို့သော် သဲကန္တာရအလယ်တွင် ရပ်နေသကဲ့သို့ ပူလောင်နေပေလိမ့်မည်။  သူမ၏ဦးခေါင်းထက်တွင် ပူပြင်းသောနေရောင်ခြည်သည် အလွန်အမင်းတောက်လောင်နေပြီး သူမအား မီးကင်နေလေသည်။  သူမ ဝက်ကင်အဖြစ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

လဲ့ယောင်းယောင်းက ဤအပူအအေး အလှည့်အပြောင်းကို သည်းမခံနိုင်ဘဲ သူမ အော်ဟစ်ငိုယိုချင်လာသည်။

ဒါပေမယ့် သူ့လည်ချောင်းထဲမှာ ဂွမ်းတစ်စ
ထည့်ထားသလိုပါပဲ။  ဘယ်လောက်ပဲ ကြိုးစားကြိုးစား အသံမထွက်နိုင်ဘူး။

ထို့အပြင် သူမလည်ချောင်းက မီးလောင်ကျွမ်းသွားသလို ခံစားရသည်။  အရမ်းနာကျင်ခဲ့တယ်။

ဘုရားရေ!  သူမကို သေပါစေတော့။  သေခြင်းတရားကသာ ပိုမိုကောင်းမွန်သော အခြားရွေးချယ်စရာဖြစ်လိမ့်မည်။

လဲ့ယောင်းယောင်းက အတွင်းမှ တောင်းဆိုနေချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် လှုပ်လှုပ်ရှားရှား ဖြစ်နေသည် ။  တစ်စုံတစ်ယောက်က သူမကို တုန်လှုပ်စေသကဲ့သို့

တစ်စုံတစ်ယောက်သည် သူမ၏နားထဲတွင် အော်ဟစ်နေပုံရသော်လည်း တုံ့ပြန်ဖို့ သူမ မောပန်းလွန်းလှသည်။  မကြာခင်မှာပဲ သူမဟာ အမှောင်ထဲမှာ ကုန်ဆုံးသွားပြန်တယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now