အပိုင်း ၆၀(Uni)(Zawgyi)

1.1K 106 4
                                    

Uni

နင် မကောင်းတဲ့အကောင် !

"သူ့ကို" တခါမှ အနိုင်မကျင့်ဖူးသလို ခံစားရသော်လည်း လန်ဂျင်းယွိက လဲ့ယောင်းယောင်းကို ပိုကောင်းစေချင်သောကြောင့် ထိုစကားများကို ဆက်လက်ပြောခဲ့သည်။  သူစကားပြောပြီးနောက် လဲ့ယောင်းယောင်းရဲ့ မျက်ခုံးများ ပြေလျော့သွားပြန်သည်။  ဒါကိုမြင်တော့ လန်ဂျင်းယွိ စိတ်သက်သာရာရသွားတယ်။

သူ့လက်တစ်ဖက်ဖြင့် သူ လဲ့ယောင်းယောင်း နဖူးကို ပေါ့ပေါ့ပါးပါး ထိလိုက်သည်။  မပူတော့ဘူး။  မကြာမီ "သူ" နိုးထလာနိုင်ပုံရသည်။

လန်ဂျင်းယွိက သူ့လက်ကို ဖယ်လိုက်သည်။  သို့သော် မမျှော်လင့်ဘဲ သူသည် စိုစွတ်နေသော အထည်ကို မတော်တဆ တိုက်မိသွားသည်။  ဒါကိုမြင်တော့ သူက မျက်မှောင်ကြုတ်ပြန်တယ်။

ပြန်တွေးကြည့်တော့ လဲ့ယောင်းယောင်းရဲ့ အခန်းကို ရောက်တဲ့အခါ သူ့တံခါးက ပွင့်သွားပြီး “သူ” က မြေပြင်ပေါ်မှာ ရှိနေတယ်။  ဖြစ်နိုင်ချေကတော့ မိုးရွာပြီး သူ့အဝတ်အစားတွေ စိုစွတ်နေခဲ့တာ။

ယခုမူ "သူ" နေမကောင်းဖြစ်နေသည်။  စိုစွတ်သောအဝတ်အစားကို သူဘယ်လိုဝတ်ထားရမှာလဲ ?! သူ့အခြေအနေ ပိုဆိုးသွားနိုင်တယ်။

ဒါကိုတွေးပြီး လန်ဂျင်းယွိ ရဲ့ကြီးမားသောလက်က လဲ့ယောင်းယောင်း ခါးပတ်ဆီသို့ ချက်ချင်း ဦးတည်သွားသည်။  သူ့အဝတ်အစားတွေ လဲပေးချင်ခဲ့တယ်။

မထင်မှတ်ပဲ၊ ဒီအချိန်မှာ အိပ်ပျော်နေတဲ့ လဲ့ယောင်းယောင်းရဲ့ ငိုက်မျဥ်းနေတဲ့ မျက်လုံးတွေ တဖြည်းဖြည်းပွင့်လာတယ်။

သူမ ဘယ်ရောက်နေလဲ ဘာဖြစ်သွားလဲ မသိခင်မှာ ခါးပတ်ဆီလှမ်းလာတဲ့ လက်ရှည်ကြီးကို သတိထားမိလိုက်တယ်။  သူ ဖြုတ်တော့မယ် ။

ဒါကိုမြင်တော့ လဲ့ယောင်းယောင်း စိတ်ထဲမှာ ပေါက်ကွဲသွားသလို ခံစားလိုက်ရတယ်။  သူမ၏ ကြည်လင်သော ကောင်းကင်တွင် မိုးကြိုးလေး ရုတ်တရက် ပေါ်လာသကဲ့သို့ပင်။  သူမသည် တစ်စက္ကန့်မျှ အေးခဲသွားပြီး ချက်ချင်းပင် ထအော်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now