အပိုင်း ၁၆၅ ၊၁၆၆

498 44 3
                                    

Uni

အပိုင်း ၁၆၅ - အဲ့တာ မင်းလျက်ဖို့အတွက်

လန်ဂျင်းယွိ၏ အသံသည် တိုးနေသော်လည်း သူ့ကန့်သတ်ချက်ကို မဖုံးကွယ်နိုင်ပေ။

 
ဟုတ်ပါတယ်။ လဲ့ယောင်းယောင်းက အခြေအနေကို သတိမမူမိပေ။ စိတ်အနှောင့်အယှက်ဖြစ်စေသော ခါးပတ်ကြိုးသည် နောက်ဆုံးတွင် ပြုတ်သွားကြောင်း သူမသိလိုက်သည်။ သူမ အခု ဆက်သွားနိုင်ပြီ။

 
ဒါကိုတွေးပြီး လဲ့ယောင်းယောင်းက ကျန်နေတဲ့အဝတ်အစားအားလုံးကို ချွတ်ဖို့ သူ့လက်ကို လှမ်းလာသည်။

 
လန်ဂျင်းယွိသည် လုပ်ငန်းစဉ်အတွင်း အလွန်အထောက်အကူဖြစ်ခဲ့သည်။ ထို့ကြောင့် ခပ်ဖွဖွလေးဖြင့် အဝတ်များအားလုံးကို ချွတ်ပစ်လိုက်သည်။ နောက်ဆုံးတော့ သူ့ဘောင်းဘီတစ်ထည်ပဲ ကျန်တော့သည်။

 
ဘုရားရေ! ဘယ်လောက်မိုက်တဲ့ခန္ဓာကိုယ်လဲ!

သူ့မှာ ခါးသိမ်သိမ်လေး၊ ကြွက်သားနဲ့ လက်မောင်းတွေ၊ ရင်ဘတ်ကလည်းကျယ်သည်။ သူသည် အာဖရိက ကျားသစ်နှင့် နှိုင်းယှဉ်နိုင်သည်။ သူ့မှာ အကန့်အသတ်မရှိတဲ့ ပါဝါရှိတဲ့ပုံပဲ။

 "ဝှား! ဘယ်လောက် ကောင်းလိုက်တဲ့ခန္ဓာကိုယ်လဲ!" လဲ့ယောင်းယောင်း အော်လိုက်သည်။

"ဟားဟား၊ မင်းကြိုက်လား" လန်ဂျင်းယွိက စွဲမက်ဖွယ်ကောင်းလောက်အောင် ရေရွတ်လိုက်သည်။

“ကြိုက်တယ်! ဒါက တကယ်ကို ကောင်းတဲ့ ခန္ဓာကိုယ်ပဲ။ မော်ဒယ်တွေနဲ့ မဂ္ဂဇင်းတွေထက် ပိုကောင်းတယ်!!"

 
ကြည့်ကောင်းရုံတင်မကဘဲ အံ့သြစရာကောင်းလောက်အောင် ခံစားရသည်။ လဲ့ယောင်းယောင်းသည် လန်ဂျင်းယွိ၏ အသားအရေချောမွေ့ပြီး နူးညံ့တာကို သဘောကျသည်။

သို့သော် ထိုစကားကိုကြားတော့ လန်ဂျင်းယွိက ထထိုင်လိုက်ပြီး သူ့မျက်ဝန်းများကို ​မှေးကျဉ်းလိုက်သည်။ သူ့မျက်လုံးများမှ အန္တရာယ်ရှိသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

 
"တခြားကောင်တွေရဲ့ ခန္ဓာကိုယ်ကို တွေ့ဖူးလား"လို့ သူ တောင်းဆိုခဲ့သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now