အပိုင်း ၂၇(Uni)(Zawgyi)

1.2K 99 0
                                    

Uni

စိတ်တိုဒေါသထွက်ခြင်း

“ရှောင်မုဇီ ၊ ငါတကယ်သွားပြီး အဲဒီလူကို ခစားရမှာလား?ငါမသွားလို့ မရဘူးလား?”

“ဘုရားရေ ၊ရှောင်ယောင်းဇီ။ မင်း ရူးနေလား? မင်းသားကို 'အဲဒီလူ' လို့ ဘယ်လိုတောင်သုံးနှုန်းလိုက်တာလဲ? အဲဒါက အရမ်းရိုင်းတယ်! မိန်းမစိုးခေါင်းဆောင်သာ မင်းပြောတာကိုကြားရင် မင်းရဲ့တင်ပါးကိုလက်ဝါးနဲ့ အရိုက်ခံရလိမ့်မယ်!”

ရှောင်မုဇီရဲ့ မျက်နှာက လဲ့ယောင်းယောင်းရဲ့စကားကို အလွန်ကြောက်သောကြောင့် ဖြူဖျော့သွားခဲ့သည်။ မသင့်တော်တဲ့ တစ်ခုခုထပ်ပြောမှာကို ကြောက်သလိုမျိုး သူမရဲ့ပါးစပ် သေးသေးလေးကို ဖုံးဖို့တောင် လက်လှမ်းလိုက်သေးတယ်။


တကယ်တော့ ဒီနန်းတော်မှာ သူတို့တွေက မိန်းမစိုးလေးတွေပါပဲ။သူတို့ဘဝတွေက အနည်းဆုံးတန်ဖိုးမှာရှိတယ်။


သူတို့အမှားတစ်ခုခုလုပ်မိသွားခဲ့ရင် ကြိမ်လုံးနဲ့ရိုက်ခံရမယ့် ပြစ်ဒဏ်က သေးသေးလေးပဲ၊ကြီးမားတဲ့ ပြစ်ဒဏ်က သူတို့ရဲ့ဦးခေါင်းကိုဇွက်ခနဲ ဖြတ်ပစ်လိမ့်မယ်။


ရှောင်မုဇီ  သူမပါးစပ်ကို အတင်းအကြပ် အုပ်ထားကတည်းက လဲ့ယောင်းယောင်း ရဲ့အသံက "ဝူးဝူး" ဆိုတဲ့အသံပဲထွက်လာတယ်။ ထို့နောက်သူ့ကိုမျက်စောင်းထိုးပြီး သူ့လက်ကို ပါးစပ်မှ ပြင်းပြင်းထန်ထန် ဆွဲဖယ်လိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ။  ငါသိပါတယ် ဟုတ်ပြီလား? မင်းမှာ သတ္တိမရှိဘူး!”

လဲ့ယောင်းယောင်း အနည်းငယ်စွန့်အသွားတယ်။အဲ့တာက  ကြီးကြီးမားမားကိစ္စကြီးလို့ သူမ မထင်ခဲ့ဘူး။  သူမက သူ့ကို "အဲဒီလူ" လို့ပဲခေါ်တယ်။  မဟုတ်ရင်ရော မင်းသားကို ယောက်ျားတစ်ယောက်လို့ မသတ်မှတ်ဘူးလား.....!?


ဒါပေမယ့် ရှောင်မုဇီမှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာင်း လဲ့ယောင်းယောင်းသိတာပေါ့။  ဒါကြောင့် သူနဲ့ ဆက်ပြီး ငြင်းခုံမနေချင်တော့ဘူး။  မယုံနိုင်လောက်တဲ့ အရှိန်အဟုန်ဖြင့် သူမက အရိုးရှင်းဆုံးနည်းလမ်းကို ပြင်ဆင်ပြီး မိန်းမစိုးဝတ်စုံအသစ်ကို ၀တ်ဆင်လိုက်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now