အပိုင်း ၄ (Uni)

1.8K 179 3
                                    

မင်းသား ယွေ့ -လန်ဂျင်းယွိ


အသံက အရမ်းကိုဆွဲငင်အားပြင်းလွန်းလှတယ်။အသံရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းက ခပ်အောအောနဲ့  သုံးဆယ်ရာခိုင်နှုန်း ခပ်လေးလေး လေး။  အလွန်ကောင်းမွန်တဲ့ ဝိုင်ကိုဖွင့်ဖောက်လိုက်ရသလိုပဲ အရမ်းယစ်မူးစရာကောင်းတယ်။

လဲ့ယောင်းယောင်းက လျှပ်စီးလက်ခြင်းကြောင့်ကြောင်းကြောင့် ထိတ်လန့်သွားသလိုမျိုး တုန်လှုပ်သွားခဲ့သည်။ သူမ၏ခန္ဓာကိုယ်အနှံ့ လျှပ်စစ်စီးကြောင်းတစ်ခု လည်ပတ်နေသလို ခံစားလိုက်ရတယ်။

သူ့အသံက စွဲမက်ဖွယ်ကောင်းပြီး  မှော်စွမ်းအားတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသလိုပါပဲ။အသံက အလွန်သာယာပြီး ကြားရသူရဲ့စိတ်နှလုံးကို ကိုင်လှုပ်နိုင်သည်။ အကယ်၍ ဤအချိန်သည် ခေတ်မီတဲ့အချိန်သာဖြစ်နေမယ်ဆိုရင် သူက သီချင်းဇာတ်လမ်းအလင်္ကာရဲ့ဘုရင် သို့မဟုတ် တစ်ခုခုတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။


ဒါပေမယ့် နေပါဦး သစ်သားပြင်နောက်က အဲဒီလူက ဘယ်သူလဲ? သူက ဒဏ္ဍာရီလာမင်းသား လန်ဂျင်းယွိများဖြစ်နေမလား?

လဲ့ယောင်းယောင်း သိပ်မသေချာဘူး သူမလုပ်နိုင်တာတစ်ခုက ခေတ္တရပ်ပြီး စောင့်ကြည့်နေတာပဲ။ သူမ၏တုန်လှုပ်ခြောက်ချားမှုမှ  ရုန်းမထွက်နိုင်ခင် အချိန်အနည်းငယ်ကြာသွားခဲ့သည်။  ဒါပေမယ့် သူမ စကားတစ်ခွန်းမှမပြောနိုင်သေးခင်မှာလူတစ်ယောက်.....တစ်နည်းအားဖြင့်  နတ်ဘုရားတစ်ပါးလို ချောမောလှတဲ့ လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။  မိုးခြိမ်းသံကြောင့် မြေပြင်တုန်ခါသွားသလို သူမရဲ့ရင်ထဲမှာလဲ ပေါက်ကွဲသံတွေ ပလုံစီနေလေသည်။သူမနေရာမှာပင် တောင့်ခဲနေသည်။

ဘုရားရေ!

ဒီကမ္ဘာမှာ ဒီလိုချောမောတဲ့ယောကျ်ားသား ရှိသေးပါလား...?

သူ့ဆံပင်တွေကို နောက်လှန်တင်ထားတယ်။ရေစိုနေတဲ့ဆံပင်ကနေ ရေစက်လေးတွေဟာ သူ့ရဲ့ဆံပင်ကနေတစ်ဆင့် ရင်ဘက်ပေါ်သို့စီးကျနေသည်။အဲ့တာကြောင့်  သူ့ရဲ့ဝတ်ရုံဟာလဲစိုရွှဲနေပြီး သူ့ရဲ့ခန့်ညားလွန်းလှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပို၍ပေါ်လွင်စေသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now