အပိုင်း ၁၆၃၊၁၆၄

402 36 5
                                    

Uni

အပိုင်း ၁၆၃ - လဲ့ယောင်းယောင်းက ထိရတာကြိုက်တယ်။

 
အနည်းဆုံးတော့ စိတ်ထဲမှာ၊ လဲ့ယောင်းယောင်းက သူ့အပေါ် တစ်ခုခုကို ခံစားနေရကြောင်း လန်ဂျင်းယွိ သိခဲ့သည်။ ဘယ်လောက်ပဲ သေးငယ်ပါစေ ဘာမှမဖြစ်ဘူး။ လန်ဂျင်းယွိ ပီတိဖြစ်နေပေမယ့် တစ်ချိန်တည်းမှာ သူ အဲဒါကို မပြသခဲ့ပေ။

အမှန်တော့၊ “သူ” က သူ့အပေါ် သက်ရောက်မှုကို ပိုပြလေလေ၊ သူက ထိုခံစားချက်တွေကို လှုံ့ဆော်ပေးလေလေပဲ။ အဲ့တာက ဝိုင်ချက်သလိုပဲ။ အချိန်ကြာကြာ ချက်လေလေ အရသာပိုကောင်းလေလေပဲ။

သို့သော် သူသည် နျန်စုလန်ကို မြင်းရထားပေါ်သို့ ပို့းပြီးနောက်၊ လန်ဂျင်းယွိက လဲ့ယောင်းယောင်းကို လွမ်းနေပြီဖြစ်သည်။ သူ တကယ်ပြန်သွားပြီး သူ့မျက်နှာအမူအရာကို စစ်ဆေးကြည့်ချင်နေပြီ။

 
ထို့ကြောင့် စုလန်ကို သူမ၏နေအိမ်သို့ ပြန်ပို့ပေးသောအခါတွင် သူမ၏လက်ဖက်ရည်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ရူယီ စားသောက်ဆိုင်သို့ အပြေးပြန်လာခဲ့သည်။ ဒီလိုမြင်ကွင်းက သူ့ကို စောင့်ကြိုနေမယ်ဆိုတာ သူ မသိဘူး။

လဲ့ယောင်းယောင်းသည် အလွန်မူးဝေနေပြီး တုန်းဖန်းပိုင်၏ ရင်ခွင်ထဲတွင် ရှိနေသည်။ ထိုအချိန်တွင် လန်ဂျင်းယွိသည် သူ့နှလုံးသားကို တစ်စုံတစ်ယောက်က ဆွဲထုတ်လိုက်သလို ခံစားလိုက်ရသည်။

သေစမ်း! သူခဏလေးပဲ ထွက်သွားလိုက်တာကို "သူ" က တခြားလူရဲ့ ရင်ခွင်ထဲမှာရောက်နေပြီလား။ သူ အရမ်းလည်းသောက်ထားတယ်!?! အရက်က ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာ သူ မသိဘူးလား။

 ဒါကိုမြင်တော့ လန်ဂျင်းယွိက ဒေါသတကြီးနဲ့ စိတ်ဆိုးသွားသည်။ သူသည် လဲ့ယောင်းယောင်းကို ကြိမ်လုံးဖြင့် ပြစ်ဒဏ်ပေးချင်သည်။ တစ်ချိန်တည်းမှာပင် သူ့ကို နာကျင်စေမှာကိုလည်း သူ ကြောက်သည်။ ဒါပေမယ့် ​လဲ့ယောင်းယောင်းသည် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်သွားသောအခါတွင် သူ၏စိတ်ပျက်မှုနှင့် ဒေါသများ ရုတ်ချည်း ပျောက်ကွယ်သွားသည်။
"နောက်မှ ကျင်းရှီကို သယ်လာဖို့ တစ်ယောက်ယောက်ကို ငါသေချာစေခိုင်းလိုက်ပါ့မယ်။"

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now