အပိုင်း ၁၁၇၊၁၁၈

637 57 5
                                    

အပိုင်း ၁၁၇ - ဒီမင်းသားက မင်းကို လိုချင်တယ်။

 
လဲ့ယောင်းယောင်းက အဆက်မပြတ် လူးလွန့်နေသောကြောင့် လန်ဂျင်းယွိသည် စက္ကန့်တိုင်းတွင် ပေါက်ကွဲပြီး ထိန်းချုပ်မှု ဆုံးရှုံးသွားသလို ခံစားရသည်။

 
စောစောက သူ့မိန်းမစိုးက တခြားမိန်းမနဲ့ ပြုံးနေတာကို မြင်တော့ သူ တော်တော်ခါးသီးသွားသည်။

 
ဒါနဲ့ သူ တစ်ခွက်ပြီးတစ်ခွက် ဆက်သောက်သည်။ မထင်မှတ်ဘဲ သူ ဂရုမစိုက်ဘဲ စွဲနေခဲ့သည်။

ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး ပူလောင်နေသည်။ သူ့သွေးတွေ တဟုန်းဟုန်းတောက်နေပြီး သူ့စိတ်တွေ အရမ်းမူးဝေနေသည်။ သူ့အပေါ်တွင် လဲလျောင်းနေသော တစ်စုံတစ်ယောက်အား ခံစားလိုက်ရပြီး သူ့အဝတ်အစားများကို အဆက်မပြတ် ချွတ်ပစ်နေသည်။

ထို့အပြင် သူမသည် သူ၏ ထိလွယ်ရှလွယ် အစိတ်အပိုင်းများကို ပေါ့ပေါ့တန်တန် ဆုပ်ကိုင်ထားသည်။ သူက ရိုးရိုးသားသား လွှတ်ချင်ခဲ့တာ...

ဒါပေမယ့် သူ့အသိစိတ်ရဲ့ နောက်ဆုံးအပိုင်းကို ပြန်ရနိုင်ခဲ့ပြီး သူ့အပေါ်က ဘယ်သူလဲဆိုတာ သိလိုက်ရသည်။

ဟောင်ရီကို မြင်သောအခါ အလွန်ရွံရှာသွားပြီး ချက်ချင်းပင် သူ့ကို ဖယ်ထုတ်လိုက်သည်။ တိုက်ဆိုင်စွာပင် သူသည် ထွက်ပြေးရန် ကြိုးစားနေသော သူ့လူလေးကို သတိထားမိလိုက်သည်။

 
လန်ဂျင်းယွိသည် သူ့ခန္ဓာကိုယ်တွင် ကာမအားတိုးဆေးမရှိမှန်း သိခဲ့သည်။ လွှတ်​​ဖို့ကို လူတစ်​​ယောက်​ကို အသုံးချရရင်​ သူက မိန်းမစိုးလေးကို ဖြစ်​စေချင်​သည်...

 ဒါပေမယ့် သူ့ဆန္ဒက ရူးသွပ်သွားတာကို သူကောင်းကောင်းသိသည်။

ငယ်ငယ်ကတည်းက မိန်းမတွေကို ရွံရှာခဲ့ပေမယ့် သူကသာမာန်ယောက်ျားတစ်ယောက်ဆိုတာ သူသိသည်။ ဒါပေမယ့် ဒီကောင်လေးဟာ သူ့ဘ၀မှာ ပေါ်လာပြီးကတည်းက သူ ပြောင်းလဲလာခဲ့တာကို သူသတိထားမိသည်။

နောက်ဆုံးမှာတော့ သူကမိန်းမစိုးတစ်ယောက်ပဲလေ။ တစ်ချိန်က သူလည်း ယောက်ျားဖြစ်ခဲ့သည်။ တခြားယောက်ျားနဲ့ လိင်ဆက်ဆံတာကို သူဘယ်လိုလက်ခံနိုင်မလဲ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now