အပိုင်း၃၀(Uni)(Zawgyi)

1.3K 114 11
                                    

Uni

မင်း ငါနဲ့ ရှုပ်နေတာလား ?

လန်ဂျင်းယွိက လဲ့ယောင်းယောင်းရဲ့ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို ကြည့်ပြီး ဘာမှ မပြောဘဲ နေလိုက်သည်။  လဲ့ယောင်းယောင်းရဲ့ စကားကို တိတ်တဆိတ် သဘောတူလိုက်ပုံရသည်။

နောက်ဆုံးတော့ မိန်းမစိုးလေးက အရမ်းကိုစိတ်ပိုင်းဖြတ်ထားတယ်။  ဤအရာအား ပြုပြင်ခြင်းသည် သူ့အတွက် အလွန်အရေးကြီးသော အလုပ်ဖြစ်သကဲ့သို့ပင်။  လန်ဂျင်းယွိက ရိုးရိုးသားသား ဘာပြန်ပြောရမှန်းမသိ။

ဘာပဲဖြစ်​ဖြစ်​ "သူ" ​ပျော်​ရွှင်​​အောင်​လွှတ်ထားလိုက်မယ်​...

လန်ဂျင်းယွိက စကားတစ်ခွန်းမှ မပြောသောကြောင့် လဲ့ယောင်းယောင်းက သူအဆင်ပြေသည်ဟု ယူဆလိုက်သည်။

ထို့ကြောင့် သူမ သက်ပြင်းချကာ စုတ်ပြဲနေသော အတွင်းခံကို ချလိုက်သည်။  သူမလက်ကိုမြှောက်ကာ နှင်းဖြူအောက်ခံအင်္ကျီကိုဆွဲကိုင်လိုက်ပြီး လန်ဂျင်းယွိ လက်များဆီ အမြန်စွပ်လိုက်သည်။

Oh Man  သူက အရမ်းအရပ်ရှည်တာပဲ !

သူက 180cm ကျော်တယ်။  သူ့ရှေ့မှာ ရပ်လိုက်တော့ သူက တိုင်တောင်ကြီးလို ခံစားရတယ်။

ဝမ်းနည်းစရာမှာ သူမက 150cm အထက် အနည်းငယ်သာရှိသည်။  ရှင်းပါတယ်၊ အပျိုဖော်ဝင်စက သူမကို ကောင်းကောင်းမဆက်ဆံဘူး။  ဒီမှာ အစားအသောက် အရည်အသွေးက အရမ်းညံ့လွန်းတယ်။  မနေ့က သူမ ရင်ဘတ်ကို ထိပြီးနောက်မှာ နံရံနဲ့ ခေါင်းကို ဆောင့်ချင်မိသွားသည် ။ 

အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူမသည် ဂုဏ်ယူစရာ C cup ဖြစ်ခဲ့သည်။  အခု သူမ ဒီကိုရောက် လာတာ က A cup ပဲ ။

သူမ ရင်ဘတ်တွေကိုတောင် မခံစားနိုင်ဘူး!  ဒါကိုတွေးရင်း လဲ့ယောင်းယောင်း မျက်ရည်တွေ ဝဲချင်လာသည်။

အခွင့်အရေးရတိုင်း သူမအခြေအနေတိုးတက်စေရန် သင်္ဘောသီးကို ဝယ်စားရမယ့်ပုံရသည်။

နက်နက်ရှိုင်းရှိုင်းတွေးနေစဉ်တွင် သူမသည် မင်းသား ယွေ့ ကို မတူညီသောအလွှာသုံးလွှာကို ကူညီဝတ်ပေးခဲ့ပြီးဖြစ်သည်။  ယခု သူမသည် ခါးပတ်တစ်ခုသာ ကျန်နေခဲ့သည်။  ဒါမှ သူမတာဝန်ပြီးသွားမှာ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now