အပိုင်း ၁၂၅၊၁၂၆

611 56 1
                                    

Uni

အပိုင်း ၁၂၅ - သူပဲလား။

လန်ဂျင်းယွိသည် ခေါင်းစဉ်ပြောင်းရန် ဆုံးဖြတ်လိုက်သောကြောင့် အဖြူရောင် ၀တ်စုံနဲ့လူသည် တော်တော် သိချင်နေသော်လည်း ခေါင်းစဉ်ကို မတွန်းထုတ်ဘဲ ရွေးချယ်ခဲ့သည်။

"သူမကို အဲဒီတုန်းက ကယ်တင်ပေးခဲ့တာကို မကြာသေးခင်ကမှ ငါသိခဲ့တယ်။ ဒါပေမယ့် တစ်ယောက်ယောက်က သူမကို ဆောင်ကြာမြိုင်ဆီ ရောင်းစားခဲ့တယ်။ အခုတလော ငါစူးစမ်းဖို့ အတွက် ဆောင်ကြာမြိုင်တွေဆီ သွားနေပေမယ့် အခုထိ သူမကိုမတွေ့သေးဘူး....."

 
ပိုင်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ သူ့အသံမှာ ဝမ်းနည်းခြင်းနှင့် နာကျင်ခြင်းများဖြင့် ပြည့်နေသည်။ "အဲဒီအချိန်တုန်းက သူမရဲ့လက်ကိုသာ ငါမလွှတ်ခဲ့ဘူးဆိုရင် သူမရေစီးနဲ့ပါသွားမှာ မဟုတ်ဘူး။ အဲဒါ ငါ့အပြစ်ပဲ..."

 
ယခုတော့ အဖြူရောင် ၀တ်ထားသော အမျိုးသားသည် သူ့မျက်လုံးများတွင် မြူခိုးများ ရှိနေသည်။ အားလုံးကို သူ့ကိုယ်သူ အပြစ်တင်တယ်။ သူ့အသံလည်း အနည်းငယ်ကွဲအက်နေသည်။

 
စာကြည့်ဆောင်က အလွန်တိတ်ဆိတ်နေပြီး လေထုက အတော်လေး လေးနက်လာသည်။

လန်ဂျင်းယွိက ပိုင် တော်တော်စိတ်မကောင်းဖြစ်သွားတာကို နားလည်ထားပေမယ့် တခြားသူတွေကို နှစ်သိမ့်ဖို့ မသိတဲ့သူတစ်ယောက်အနေနဲ့ သူက "ငါကူညီနိုင်တာတစ်ခုခုရှိရင် ငါ့ကိုပြော" လို့သာ ပြောခဲ့ပါတယ်။

 
လန်ဂျင်းယွိ၏ အသံသည် တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့သော်လည်း သူ့ကို နားလည်သောသူများက သူ့သူငယ်ချင်းတွေကို ချစ်ခင်မြတ်နိုးကြောင်း ပြသသည့်သူ့ရဲ့နည်းကို သိကြသည်။

သူက အေးစက်ပေမယ့် သူ့ညီအကိုတွေကို အရမ်းဂရုစိုက်သည်။
"အမ်း ကျေးဇူး"
ပိုင်က ခပ်ဖျော့ဖျော့ ပြုံးနေပေမယ့် သူ့မျက်ခုံးကြားမှာ နာကျင်မှုတွေ ရှိနေသေးသည်။
ပိုင် မှာ သူတို့နဲ့ တူညီတဲ့ ဆရာ မရှိပေမယ့် သူတို့ ညီအစ်ကိုတွေ ဖြစ်နေကြတာ နှစ်တွေ ကြာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နန်ကုန်းကျင်းရှီ သည်လည်း သူ့သူငယ်ချင်း ဝမ်းနည်းနေချိန်တွင် အတော်လေး စိတ်မသက်မသာဖြစ်ခဲ့ရသည်။
"အိုး ဟုတ်သားပဲ ပိုင် ၊ မင်းညီမကို ဆောင်ကြာမြိုင်တစ်ခုမှာ ခွဲခြားသိရလွယ်စေမယ့် အတိအကျဖြစ်မယ့်ဟာ တစ်ခုခုရှိလား။ နောက်ဆုံးတော့ မင်းတို့နဲ့ကွဲကွာခဲ့တာ ဆယ့်ခြောက်နှစ်ရှိပြီ။ အဲဒီတုန်းက သူမက မွေးကင်းစကလေးပဲ၊ ရှေးလူကြီးတွေပြောကြတာက မိန်းမဆိုတာ ကလေးဘဝနဲ့ အမျိုးသမီးဘဝကြားက ဆယ့်ရှစ်ကြိမ်ပြောင်းသွားတာတဲ့၊ မင်းညီမကဘယ်သူလဲဆိုတာ မင်းဘယ်လိုပုံစံနဲ့သိနိုင်မလဲ”

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now