အပိုင်း ၉၉၊၁၀၀

836 92 7
                                    

Uni
အပိုင်း၉၉- အလောင်းအစားလုပ်ကြရအောင်

ဒီတစ်ခါတော့ လဲ့ယောင်းယောင်း တကယ်ကို မခံနိုင်တော့ဘူး။


အမှန်တော့ အရင်တုန်းက သူမဟာ ချမ်းသာတဲ့ မိသားစုက ဖြစ်တယ်။  ဒါပေမယ့် သူ့မှာ ပိုက်ဆံရှိလို့ ဒီလောက် မာနကြီးတာ၊ စက်ဆုပ်ရွံရှာတာမျိုး တစ်ခါမှ မလုပ်ဖူးဘူး။  သူ့အဖေက သူ့ကို နိမ့်ကျတဲ့ profile ထားဖို့ အမြဲပြောတယ်။  ဒါပေမယ့် အခုချိန်မှာတော့ ကောင်းကောင်း ပုတ်ခတ်ခံထိုက်တဲ့ သူနဲ့ ကြုံလာရလို့ သူမ လွှတ်ထားမှာ မဟုတ်ပါဘူး။


ထို့ကြောင့် လဲ့ယောင်းယောင်း လှည့်ကာ နန်ကုန်းကျင်းရှီ ကို တိုက်ရိုက်ရင်ဆိုင်ရင်း လန်ဂျင်းယွိ ရှိနေသည်ကို ခဏမေ့ထားလိုက်သည်။ သူ့ရဲ့စော်ကားပုတ်ခတ်သော စကားလုံးများကြောင့် သူမ၏ ချစ်စဖွယ် မျက်နှာက ပန်းသီးမှည့်ကဲ့သို့ နီရဲလာသည်။

“မင်းသား ၇၊ ဒီကျွန်က မင်းသားအတွက် အရေးမပါတဲ့ ဖုန်မှုန့်အမှုန်အမွှားလို့ ထင်ရတဲ့ မိန်းမစိုးလေးမျှသာဖြစ်ပေမယ့် ဒီကျွန်က လူသားတစ်ယောက်ဖြစ်နေတုန်းပဲ ။  ကျွန်​​တော့်​မှာ ခံစားချက်​ရှိပြီး ကျွန်​​တော်လည်း စိတ်​ဆိုး​တတ်တယ်​။  ဒီကျွန်မှာလည်း သိက္ခာဆိုတာရှိတယ်။ ဒီကျွန်က စာလိပ်ပေါင်း သောင်းနဲ့ချီပြီး မလေ့လာခဲ့သလို မင်းသား ၇ လို ကဗျာကိုလည်း မကျွမ်းကျင်ပေမယ့် ဒီကျွန်က ငတုံးမဟုတ်ဘူး။ ဒီကျွန်​​ကလည်း ရောင်ပြန်ဟပ်နိုင်တယ်။  ဒါဆို မင်းသား ၇က ဒီကျွန်​​ကို ဘာလို့ဒီ​လောက်​အောက်စိုက်ကြည့်​မှရမှာလဲ? အစေခံက နိမ့်ပါးတဲ့ အနေအထားနဲ့ မွေးဖွားလာတဲ့အတွက်ကြောင့် ဒီအစေခံက တခြားသူတွေရဲ့ လေးစားမှုနဲ့ မထိုက်တန်လို့လား? ”

“မှန်တယ်၊ အစေခံက နိမ့်ပါးတဲ့ အနေအထားနဲ့ မွေးဖွားလာတာ။  ဒါ​ပေမယ့်​ ဒါ ကျွန်​​တော့်​ရဲ့ ​ရွေးချယ်​မှုမဟုတ်​ဘူး။  နောက်ပြီး ရိုးရိုးသားသားပြောရရင် မင်းသား ၇ က အဆင့်အတန်းမြင့်မြင့်နဲ့ မွေးဖွားလာတာဆိုတော့ ကံကောင်းပါတယ်။  မင်းသားရဲ့ လေးစားထိုက်တဲ့ အဆင့်အတန်း မရှိရင် မင်းသားမှာ ဘာရှိမှာလဲ။  မင်းသား ၇၊ မင်းသားရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ ငွေတုံးတစ်ခုတည်းကို ရဖူးလား?  မရဖူးဘူး မဟုတ်လား?  ဒါ​ပေမဲ့ ကျွန်​​တော်ရဖူးတယ် !  ဒီကျွန်က မိန်းမစိုးလေးသာဖြစ်ပေမယ့် ဒီကျွန်က သူ့ရဲ့လက်နှစ်ဖက်ကို အသုံးပြုပြီး ဝင်ငွေရှာဖို့ ကြိုးစားခဲ့တယ်။  ဒါကြောင့် ဒီ​ကျွန်က ရိုးရိုးသားသားနဲ့ တည်ငြိမ်တဲ့ဘဝမှာ နေထိုင်တယ်။  အဲ့ဒါကြောင့် မင်းသား ၇က တခြားသူတွေ လေးစားတာကိုလိုချင်ရင် ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် အရင်လေးစားလိုက်ပါ ”

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now