အပိုင်း ၆၃(Uni)(Zawgyi)

758 69 1
                                    

Uni

ငရဲမင်းရဲ့ အချစ်တော်လေး?

ယခုတော့ လဲ့ယောင်းယောင်း အဲ့တာကို တွေးကြည့်မိတော့ သူမက ငရဲမင်းကို နေ့စဥ်ခစားဖို့ ငြင်းခုံမနေတော့ပေ။  အဲဒီအစား သူမဟာ စိတ်အားထက်သန်ပြီး ပုံမှန်ထက် ထမင်းပိုစားခဲ့ပါတယ်။


သူမက ယနေ့နံနက်တွင် ငရဲမင်း၏ အမှုတော်ကို ထမ်းဆောင်ရန် မလိုအပ်သော်လည်း၊ သူမတွင် လုပ်စရာများ ရှိသေးသည်။


သူမရဲ့ဗိုက်ထဲကိုအစာနဲ့ ရေတွေသိပ်ထည့်ပြီးနောက် လဲ့ယောင်းယောင်း မင်းသားရဲ့ဝင်းထဲသို့ပြန်သွားကာ သူမ၏အလုပ်များကိုစတင်ခဲ့သည်။


သို့သော်လည်း သူမက မင်းသား ယွေ့ရဲ့ ကိုယ်ရေးကိုယ်တာမိန်းမစိုးဖြစ်သောကြောင့် ဧရိယာတစ်ဝိုက်တွင် အလုပ်ကြမ်းလုပ်ခြင်းအတွက် သူမတာဝန်မယူပေ။  သူမဟာ နေ့တိုင်း သစ်သားစားပွဲများနှင့် ကုလားထိုင်များကို သပ်သပ်ရပ်ဖြစ်အောင်ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ကာ ဥယျာဉ်ခြံတချို့မှာ တံမြက်လှည်းခြင်း စသည့်အလုပ်များကို လုပ်ရသည်။

နှစ်နာရီကြာပြီးနောက် လဲ့ယောင်းယောင်း အပင်တွေနဲ့ ပန်းတွေအားလုံးကို ရေလောင်းပြီးသွားတော့ ထမင်းစားခန်းရှိ ကုလားထိုင်များနှင့် စားပွဲတွေအားလုံးကို သုတ်လိုက်သည်။


သူမသန့်ရှင်းရေးလုပ်ဖို့ ကျန်ခဲ့တဲ့ တစ်ခုတည်းသောနေရာကတော့ စာကြည့်ဆောင်ပါပဲ။


ထွင်းထုထားတဲ့ သစ်သားတံခါးကို လဲ့ယောင်းယောင်း တွန်းဖွင့်လိုက်ချိန်မှာတော့ သူမကို အံ့သြမှုကြီးက ဖမ်းစားသွားပါတယ်။


စာကြည့်ဆောင်က ကြီးမားပြီး အမျိုးအစားစုံလင်တဲ့ စာအုပ်အရေအတွက်တွေ မရေမတွက်နိုင်အောင် များပြားလှသည်။ လဲ့ယောင်းယောင်း မှင်သက်သွား၏ စာကြည့်ဆောင်က လက်တွေ့အားဖြင့် သေးငယ်သော စာကြည့်တိုက်တစ်ခုဖြစ်သည်။


အရင်ဆုံး အခန်းတစ်ခုလုံးကို လှည်းကျင်းဖို့ တံမြက်စည်းရိုးအရှည်ကိုသုံးလိုက်တယ်။  ထို့နောက် သဘက်ကို ပတ်ကာ အခန်းတွင်းရှိ ပစ္စည်းတိုင်းကို သုတ်လိုက်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now