အပိုင်း ၁၁၅၊၁၁၆

754 77 3
                                    

အပိုင်း ၁၁၅ - တုန်းဖန်းပိုင်

 ပုံမှန်အားဖြင့်၊ လဲ့ယောင်းေယာင်းက ဤအိမ်ဆောင်တွင် လူများစွာရှိသောကြောင့် အလွန်ဂရုမစိုက်တတ်ပေ။ သို့သော် သူမသည် အဖြူရောင်ဝတ်စုံကို မြင်လိုက်ရသောအခါတွင် အလွန်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

 အရင်က သူ့ကို တစ်နေရာရာမှာ မြင်ဖူးတာလား။

 အဖြူ​ရောင်​ဝတ်စုံ​နဲ့ ​ယောက်ျား။

 "အိုးး အခု မှတ်မိနေပြီ၊ သူက အရင်တစ်ခါက် စျေးဝယ်ထွက်တုန်းက ငါ့ကို ကယ်ခဲ့တဲ့သူ မဟုတ်ဘူးလား"

 ထိုနေ့တွင် သူမသည် မြင်းရထားဖြင့် ပြေးတိုက်လုနီးပါးဖြစ်ခဲ့သည်။ ဤသူသည် သူမကို ကယ်တင်ခဲ့သူဖြစ်သည်။

 ထိုအချိန်တွင် သူမသည် သူ့ကို ကျေးဇူးမဆပ်ရခင်ဘဲ ပြေးထွက်သွားသည်။ သူမ အရမ်းခံစားရပြီး ဒီတစ်သက်မှာ သူနဲ့ထပ်မတွေ့ရတော့ဘူးလို့ တွေးမိသည်။ မထင်မှတ်ပဲ သူနဲ့ ထပ်တွေ့ရပြန်သည်။

 ဒီနေရာက ဖြစ်နေတာကလွဲရင် ….

 *အဟွတ် အဟွတ်* ဒါက သိပ်တော့မထူးဆန်းပေ..သဘာဝအားဖြင့် အမျိုးသားတွေက အစာနဲ့ လိင်ကို နှစ်သက်ကြသည်။ လိုအပ်ချက်တွေရှိဖို့က ပုံမှန်ပါပဲ။

 "သခင်လေး၊ ခဏစောင့်"

 ထိုလူသည် လေကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။ လဲ့ယောင်းယောင်းက သူ့နောက်ကို ပြေးဖို့ ကြိုးစားပေမယ့် နှေးလွန်းသည်။ ထို့ကြောင့် သူမ လန့်ဖျပ်စွာ အော်လိုက်သည်။

 အဖြူရောင်ဝတ်ထားသောလူသည် သူ့ခြေလှမ်းများကိုရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။

 ညအချိန်ဖြစ်တာကြောင့် ထိုလူ၏ ဆံပင်ရှည်များကို လေက ဖြည်းညှင်းစွာ တိုက်ခတ်နေသည်။ သူ့အင်္ကျီလက်မျက လေထဲတွင် စီးဆင်းနေကာ တိမ်တွေဝေ့ဝဲနေသလိုပဲ။

 တကယ်က သူပဲ။

 "ညီလေး မင်းငါ့ကိုခေါ်နေတာလား။"
 "အမ်၊ မင်း ငါ့ကိုမှတ်မိသေးလား။"

 သူမကို မေ့သွားခဲ့ရင် အံ့သြစရာတော့ မဟုတ်ဘူး။ နောက်ဆုံးတော့ သူမကို ကယ်တင်ပြီး သိပ်မကြာခင်မှာပဲ ထွက်သွားခဲ့သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now