အပိုင်း၉(Uni)(Zawgyi)

1.7K 148 2
                                    

သူ့ရဲ့ပွေ့ဖက်မှုကို ခံရခြင်း 

လန်ဂျင်းယွိက တုန်လှုပ်သွားသည်။  သူ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့တယ်ဆိုတာ မယုံနိုင်ဘူး ။

ငယ်စဉ်ကလေးဘဝက ခံစားရတဲ့ ဒဏ်ရာတွေကြောင့် သူ မိန်းမတွေကို တကယ်မကြိုက်တာ။  ဒါပေမယ့် သူစိတ်ဝင်စားတဲ့ လိင်အမျိုးအစားကိုတော့ သူသိတယ်။  သူ ယောက်ျားတွေကို မကြိုက်ဘူး


ဘာကြောင့်လဲ?  သူ ဘာလို့ မိန်းမစိုးတစ်ယောက်ကို နမ်းလိုက်တာလဲ?

ဖြစ်နိုင်တာက ဒီမိန်းမစိုးက အရသာရှိတဲ့ အစားအစာနဲ့ တူနေလို့ သူ စိတ်မထိန်းနိုင်ခဲ့တာလား? 

လန်ဂျင်းယွိက အရမ်းစိတ်အနှောင့်အယှက်ဖြစ်သလိုခံစားလိုက်ရတယ် ။  သူက လဲ့ယောင်းယောင်းကို ခြိမ်းခြောက်ဖို့ မကြိုးစားတော့ပေ ။  ယခုချိန် သူ့မျက်နှာမှာ အံ့ဩနေတဲ့ အမူအရာတစ်ခုသာ ရှိတော့သည်။

လဲ့ယောင်းယောင်းက သူ့စိတ်ရှုပ်ထွေးနေသော အကြည့်၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို သဘာဝအတိုင်း နားမလည်ခဲ့ပေ။  သူမ သတိထားမိတဲ့တစ်ခုကတော့ လန်ဂျင်းယွိက တော်တော်ကို မိန်းမောတွေဝေနေတယ်

ဒါက လွတ်မြောက်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ !  သူမကိုသတ်ဖို့ စိတ်ရှုပ်နေတဲ့အချိန်ကနေ ရုန်းထွက်တဲ့အထိ စောင့်ရင် သူမရူးနေလို့ပဲ ။  ဘယ်လိုမှမဖြစ်နိုင်ဘူး !

ဒါကိုတွေးရင်း လဲ့ယောင်းယောင်းက သူ့ခန္ဓာကိုယ်ထဲကို Adrenaline တွေ စီးဆင်းနေတာကို ခံစားလိုက်ရတယ်။  သူမ ဒီမာရ်နတ်အနားက  လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။  မထင်မှတ်ပဲ၊ သူမအစီအစဉ်ကို အကောင်အထည်မဖော်ခင်မှာ လန်ဂျင်းယွိက  သားကောင်ကို ပိတ်လှောင်ထားသလိုမျိုး...သူမကိုဖမ်းဆွဲထားတယ်
T/N ; Adrenaline - စိတ်လှုပ်ရှားတဲ့အခါ ခန္ဓာကိုယ်က ထွက်တဲ့အရည်တစ်မျိုး

မျက်လုံးကို တင်းတင်းမှိတ်ထားရင်း လဲ့ယောင်းယောင်းက အော်ဟစ်လိုက်တယ် ။ ငရဲမင်းက သူမကို သတ်တော့မယ်လို့ထင်လိုက်တယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now