အပိုင်း ၁၄၉ ၊၁၅၀

616 50 3
                                    

Uni

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၁၄၉ - မြင်းရထား

 
တုန်းဖန်းပိုင် ဒါကို ပြောလိုက်တာနဲ့ အခန်းထဲကလူအားလုံး အေးခဲသွားတော့သည်။

 
နန်ကုန်းကျင်းရှီသည် တုန်းဖန်းပိုင်၏ မျက်လုံးနောက်ကို လိုက်ကြည့်ချိန် လဲ့ယောင်းယောင်းဆီသို့ ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် သူ၏ မက်မွန်ပွင့် မျက်လုံးများ တဖျပ်ဖျပ်ခတ်ပြီး ထိတ်လန့်သွားသည်ကို မြင်လိုက်ရသည်။

"ပိုင် အဲ့ဒီလူတစ်ယောက်က ဘယ်သူလဲ"

စိတ်ထဲမှာ အဖြေကို သူသိထားပြီးဖြစ်သော်လည်း နန်ကုန်းကျင်းရှီက ငြင်းဆန်ပြီး မေးနေသေးသည်။

ပိုင် လည်းပဲ....

မဖြစ်နိုင်ဘူး။ ဘုရားရေ။

ဒီအစေခံမှာ ဘယ်လို ဆွဲဆောင်မှုမျိုး ရှိတာလဲ။

သူသည် သားကောင်ဖြစ်ရုံသာမက သူ့ဆရာတူအစ်ကိုနှင့် ပိုင်လည်း ကျဆုံးသွားသည် ...

ဒါကိုတွေးပြီး နန်ကုန်းကျင်းရှီက မျှော်လင့်ချက်မဲ့သွားသည်။ ဒါပေမယ့် ပိုလို့တောင် ကြောက်စရာကောင်းသည်။

 နောက်ဆုံးတော့ မိန်းမစိုးလေးက သူ့ဆရာတူအစ်ကိုနဲ့ စစ်အေးတိုက်ပွဲဖြစ်နေတုန်းပင်။ သူကတော့ သူ့ကို အမြဲတမ်း ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်။ ငြင်းခုံခြင်းမှလွဲ၍ စကားစမြည်ပြောတာ များများစားစား မရှိကြပေ။

 
ပိုင် ဘက်မှာတော့ လဲ့ယောင်းယောင်းက အမြဲတမ်း ရယ်မောပြီး ပြုံးနေတတ်သည်။
သူတို့တစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ ခံစားချက်တွေက အပြန်အလှန်ဖြစ်နေနိုင်ပါ့မလား။

 ဒါကိုတွေးပြီး နန်ကုန်းကျင်းရှီက သူ့ရဲ့ လှပတဲ့ မျက်ခုံးတွေကို ကျုံ့လိုက်သည်။ သူသည် လဲ့ယောင်းယောင်းကို ခါးသီးစွာနဲ့ နာကြည်းစွာ စိုက်ကြည့်လာသည်။

 
လဲ့ယောင်းယောင်းကတော့ နန်ကုန်းကျင်းရှီ ရဲ့ ပြဿနာက ဘာလဲဆိုတာ သူမ မသိခဲ့ချေ။

သူဘာလို့ သူက သူမရဲ့ခင်ပွန်းဖြစ်ပြီး သူ့ကို လှည့်စားတဲ့ ဇနီးလိုမျိုးလုပ်နေရတာလဲ။ ဘာလဲဟ။ မနက်​​စော​စော​စောစီးစီး ​တော်​​တော်​မနာလိုဖြစ်နေတာလား။ အရှုံးသမားပဲ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now