အပိုင်း ၄၁(Uni)(Zawgyi)

1K 77 2
                                    

Uni

အရသာရှိသော အစားအသောက်နဲ့ ပျော်မွေ့ခြင်း


လဲ့ယောင်းယောင်းက ရှောင်မုဇီကို "ပျော်ရွှင်မှုနှင့်ပြည့်စုံသောအိမ် " ထဲကို ဆွဲခေါ်သွားမယ်ဆိုတာ သူ ပြောနိုင်ပါတယ်။ မျက်နှာနီနီဖြင့် လဲ့ယောင်းယောင်း၏လက်ကို အမြန်ပြန်ဆွဲလိုက်သည်။ "ရှောင်ယောင်းဇီ ၊ ဒါက စားသောက်ဆိုင်ကြီးပဲ။ ဆိုင်ထဲမှာရှိတဲ့အရာအားလုံးက အရမ်းစျေးကြီးတာပဲဖြစ်ရမယ်။ ပျံကျစျေးဆိုင်မှာပဲ ဝမ်တန်တချို့ သွားစားရအောင်....." ရှောင်မုဇီ၏ အသံက အလွန်ကြောက်တတ်တဲ့အသံမျိုးကြီး ။အစားအသောက်ရဲ့စျေးနှုန်းကို ကြားရမှာကြောက်နေတာပဲ။


ရှောင်မုဇီ ၏ ဆင်းရဲနွမ်းပါးသောမိသားစုအခြေအနေများကြောင့်၊ သူ၏တုံ့ပြန်မှုက အံ့သြစရာမဟုတ်ပေ။ သူ့မှာ ပြုစုပျိုးထောင်ပေးရမယ့် ညီအကို မောင်နှမတွေလည်း ရှိသေးတယ်။ သူ့မိဘတွေအတွက် ငွေကြေးဖိအားက အရမ်းများတယ်။ ထို့ကြောင့် ဝင်ငွေထွက်ငွေမျှတအောင် သူတို့က သူ့ကိုရောင်းလိုက်ကြသည်။

လဲ့ယောင်းယောင်း ကတော့ ၂၁ ရာစုတုန်းက သူမမှာ သာမန်ရုပ်ရည်နဲ့ အရည်အချင်းတွေရှိတယ်။ ဒါပေမယ့် သူမရဲ့ မိသားစု နောက်ခံဟာ သာမန် မဟုတ်ဘူးဆိုတာ သေချာပါတယ်။သူမမိသားစုဟာ တရုတ်ပြည်မှာ ချမ်းသာလာခါစသူတွေထဲက တစ်ယောက်ပေါ့။ သူတို့မှာ ငွေအမြောက်အမြားရှိတယ်။

ဒါပေမယ့် သူမအဖေက ချမ်းသာတဲ့ အမှုဆောင်အရာရှိတွေ ဒါမှမဟုတ် စွန့်ဦးတီထွင်သူတွေရဲ့ အသုံးမကျတဲ့ ဒုတိယမျိုးဆက်က ချမ်းသာတဲ့ သားသမီးတွေလို ကုန်ဆုံးသွားမှာကို စိုးရိမ်နေတယ်။ ထို့ကြောင့် သူ သူမကိုပေးတဲ့ ထောက်ပံ့ကြေးပမာဏက ပျမ်းမျှဝင်ငွေရှိသော မိသားစုနှင့် ဆင်တူသည်။ ရလဒ်အနေနဲ့ လဲ့ယောင်းယောင်း ဟာ ကျောင်းတက်စဉ်မှာ မဖြုန်းတီးခဲ့ပါဘူး။

ဒါတောင် သူမက ချမ်းသာတဲ့ မိသားစုက ကလေးမလေးပဲရှိသေးတာနော်။ သူမစားချင်တာမှန်သမျှ စားနိုင်တယ် ။

ထို့ကြောင့် ရှောင်မုဇီ ဘယ်လောက်ပျာယာခတ်သွားသလဲဆိုတာကို သူမမြင်လိုက်ရသောအခါတွင် သူမ သူ့အတွက်အနည်းငယ် စိတ်မကောင်းဖြစ်မိပါတယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now