အပိုင်း ၈၉၊၉၀(Uni)(Zawgyi)

1K 87 1
                                    

Uni

အပိုင်း ၈၉: သူက ငါ့အပိုင်

ထို့ကြောင့်၊ လောလောဆယ်တွင် လဲ့ယောင်းယောင်းရဲ့ ခေါင်းက အလွန်ငုံ့ထားသည်။  သူမက ခြေချောင်းများကိုသာ စိုက်ကြည့်ရန် သတ္တိရှိသည်။

အမှန်အတိုင်းပြောရလျှင် သူမ ဘာပြောရမှန်းမသိဘူး။  သူမ မျက်နှာအရမ်းပျက်နေပြီ။

ဒါက မင်းသား၇ ရဲ့ အပြစ်ပဲ!  မတ်တပ်ရပ်ဖို့ ပြောထားပြီးသားဖြစ်ပေမယ့် ငြင်းဆန်တယ်။  မိုက်တယ်။  ယခု၊ ငရဲမင်းက သယမတို့ကို ရှာတွေ့သွားပြီ။  အဝါရောင်မြစ်ထဲ ပြုတ်ကျရင်တောင် သူမကိုယ်သူမ သန့်စင်အောင် ဆေးကြောနိုင်မှာ မဟုတ်ဘူး။

နန်ကုန်းကျင်းရှီ အတွက်တော့ သူအရမ်းကို အဆင်မပြေသလို ခံစားရတယ်။  လန်ဂျင်းယွိက သူနဲ့အတူ ကြီးပြင်းလာတဲ့ ဆရာတူအစ်ကိုကြီး ဖြစ်ပေမဲ့ သူဘယ်လိုရှင်းပြရမှန်းမသိတဲ့အရာတစ်ခုကို သူတွေ့ခဲ့တယ်။

အင်း၊ သူ မရှင်းပြနိုင်လို့ စာမပြန်ဘူး။

နန်ကုန်းကျင်းရှီက သူ့ခေါင်းနောက်မှာ လက်တစ်ဖက်ကို ချထားပြီး ရယ်မောလိုက်တယ်။

"ဟားဟား...အဲ...အကိုကြီး၊ ဘာလို့ဒီကိုရောက်နေတာလဲ"

တကယ်တော့ လဲ့ယောင်းယောင်းလည်း ဒါကို အရမ်းသိချင်နေခဲ့တယ်။  နောက်ဆုံးတော့ သူတို့ဟာ ချင်ရှောက်ကောမှာ ရှိနေတယ်။  ချင်ရှောက်ကောက ငရဲမင်း၏ စံအိမ်ထဲမှာ ပါဝင်နေသော်လည်း ယခုအချိန်တွင် မင်းသား၇က ဤနေရာတွင် နေထိုင်နေသည်။  ထို့အပြင် ငရဲမင်းသည် ထိုကဲ့သို့ လျှို့ဝှက်သောနေရာတွင် ရပ်နေလေသည်။  သူဘာလို့အဲဒီမှာရပ်နေတာလဲ။  သူစကားမ​ပြောရင်​ သူအဲဒီမှာရှိ​နေတာကို ဘယ်​သူမှ​တွေ့မှာမဟုတ်​ဘူး!

နောက်ပြီး သူဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ။  ငရဲမင်းမှာ ချောင်းကြည့်တတ်တဲ့ ဝါသနာ ရှိနိုင်လား။

ဒါကိုတွေးရင်း လဲ့ယောင်းယောင်းက  စကားသိပ်မပြောပေ။

လန်ဂျင်းယွိက ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေဆဲဖြစ်သည်။  နန်ကုန်းကျင်းရှီရဲ့ စကားကိုကြားတော့ သူ့မျက်နှာမှာ မတုန်မလှုပ်ဖြစ်နေသော်လည်း သူ့အသံက အနည်းငယ် အေးစက်သွားသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now