အပိုင်း ၂၂(Uni)(Zawgyi)

1.5K 111 2
                                    

Uni

သူ ငါ့ဆီက ဘာလိုချင်တာလဲ ?

မူလက မင်းသား ယွေ့က လဲ့ယောင်းယောင်းကို လျစ်လျူရှုဖို့ စီစဉ်ခဲ့သည်။  သို့သော်လည်း သူလှည့်ကြည့်လိုက်တော့ မိန်းမစိုးငယ်လေးက သူ့ကို အရွဲ့တိုက်တဲ့ပုံစံနဲ့ စိုက်ကြည့်နေတာကို သတိထားမိလိုက်တယ်။  ထို့အပြင် သူ့တွင် လှပသော မျက်လုံးတစ်စုံရှိသည်။  အဲဒါက သူ့ကို အရမ်းထူးဆန်းစေတယ်။

ရိုးရိုးသားသားပြောရရင် ဒီလောက်ကြီး လှတဲ့ မျက်လုံးတွေကို တစ်ခါမှမမြင်ဖူးဘူး။

မိန်းမစိုးငယ်လေးသည် စာရွက်အလွတ်တစ်ရွက်နှင့်တူသည်။  သူ့စိတ်ထဲမှာ ဘာပဲဖြစ်နေဖြစ်နေ သူ့မျက်နှာမှာ လုံးလုံးလျားလျား ပေါ်လာတယ်။  လူတစ်ယောက်သည် ကြည့်ရန်သာ လိုအပ်ပြီး သူ့မှတဆင့် ချက်ချင်း မြင်နိုင်မည်ဖြစ်သည်။

မင်းသား ယွေ့က နန်းတော်မှာ ကြီးပြင်းခဲ့သည်။  နန်းတော်ဟာ ခမ်းနားထည်ဝါသောပုံပေါက်သော်လည်း လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ဆန့်ကျင်ဘက်ပြုကြသည်။  မှောင်မိုက်နေတဲ့နေရာဖြစ်ပြီး ဒါကို ငယ်ငယ်လေးကတည်းက ရှင်းရှင်းလင်းလင်း သိခဲ့တယ်။  လူတိုင်းက သဟဇာတဖြစ်ပြီး ကြင်နာပုံပေါက်သည်။  ဒါပေမယ့် အတွင်းပိုင်းမှာတော့ သူတို့အားလုံး တစ်ကိုယ်ကောင်းဆန်ကြတယ်။  သူတို့က မင်းရဲ့အရိုးတွေကို ကိုက်စားနိုင်တဲ့ မြွေပွေးတွေလိုပါပဲ။  သတိမထားမိပါက ပြန်လာဖို့ မျှော်လင့်ချက်မရှိသော ချောက်ထဲသို့ ကျရောက်သွားနိုင်သည်။

ဒါပေမယ့် ဒီမိန်းမစိုးလေားက တခြားသူတွေနဲ့ မတူဘူး။

သူအရမ်းကွဲပြားနေလို့ဖြစ်ကောင်းဖြစ်နိုင်တယ်...ဒါကြောင့်မို့လို့ သူ့ကို ညှာတာပြီး မသတ်ချင်ခဲ့တာလား?

ဒါကိုတွေးပြီး မင်းသား ယွေ့က ဒီမနက်က အဖြစ်အပျက်ကို ပြန်မှတ်မိသွားခဲ့သည် ။

ပါးဟူက လဲ့ယောင်းယောင်းကို ဓားစာခံအဖြစ် ချုပ်နှောင်ထားသော်လည်း နှစ်ယောက်စလုံးကို ဂရုမစိုက်ဘဲ သတ်ပစ်ရန် ရွေးချယ်နိုင်ခဲ့သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now