အပိုင်း ၁၃၁၊၁၃၂

822 73 3
                                    

Uni

အပိုင်း ၁၃၁- ငရဲမင်းကို မတော်တဆ နှိပ်စက်မိခြင်း။

 
နောက်ဆုံးမှာတော့ လန်ဂျင်းယွိက သူ့ကို ထိန်းထားနိုင်ခဲ့သည်။

 သူအိပ်မက် မမက်ခဲ့ဘူး။

သူ့ဘဝတစ်လျှောက်လုံး အမှောင်ထဲမှာ နေခဲ့ရသည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် အမှန်တကယ် ပျော်ရွှင်မှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။

ဒါပေမယ့် လဲ့ယောင်းယောင်း ပေါ်လာပြီးကတည်းက ဘဝမှာပေးစရာတွေ အများကြီးရှိနေသလို သူခံစားရသည်။

သူပျော်သည်။

 
ဒါကြောင့် ဒီကောင်လေးကို လက်မလွှတ်ချင်ဘူး။

 
လန်ဂျင်းယွိ သည် လဲ့ယောင်းယောင်းကို စေ့စေ့ကြည့်လိုက်သည်။ သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူ့အတွေးတွေက အရမ်းသေချာနေပုံရသည်။

လန်ဂျင်းယွိသည် သူ၏ ချစ်လှစွာသော ရတနာကို ကာကွယ်နေတဲ့ ဂုဏ်ကျက်သရေကြီးမားလှတဲ့ သားရဲတစ်ကောင်နှင့်တူသည်။ ဘယ်သူ့ကိုမှ အဲ့အနားကိုချဥ်းကပ်ခွင့်မပေးဘူး။

လန်ဂျင်းယွိ၏ လုပ်ရပ်ကြောင့် နန်ကုန်းကျင်းရှီ အံ့သြသွားသည်။ သူ့ဆရာတူအစ်ကိုက တကယ်ပဲ....

“မင်းတို့ ငါမရှိလည်း စကားဆက်ပြောနေကြဦး ”

 
လန်ဂျင်းယွိက သူ့သူငယ်ချင်းတွေ သူ့အပေါ် ဘယ်လိုထင်လဲဆိုတာကို ဂရုမစိုက်ဘူး။ သူသည် လဲ့ယောင်းယောင်းကို သယ်ဆောင်ကာ ယဖန်းကော၏ ဦးတည်ရာသို့ လျှောက်သွားခဲ့သည်။

 
နန်ကုန်းကျင်းရှီသည် သူ့မျက်လုံးများနှင့် ပါးစပ်ကို ဖွင့်ကာ စိုက်ကြည့်နေပြီး တုန်းဖန်းပိုင်က သူ့လက်ဖက်ရည်ကို ပြေပြစ်စွာ သောက်နေသည်။
—–

လဲ့ယောင်းယောင်းသည် သမိုင်းတစ်လျှောက်တွင် အကောင်းဆုံး အိပ်စက်ခဲ့ရသည်ဟု ခံစားခဲ့ရသည်။

 
သူမ၏ အိပ်မက်ထဲတွင် ကြီးမားသော တိမ်တိုက်တစ်ခုပေါ်တွင် သူမ လွင့်မျောနေသကဲ့သို့ပင်။

 
အဆုံးတွင် တိမ်တိုက်က မရွေ့လျားတော့ပေ။ ဒါပေမယ့် သူမရဲ့အောက်မှာ အရမ်းခိုင်ခံ့ပြီး ပျော့ပျောင်းတဲ့ အရာတစ်ခုကို ခံစားရသည်။ သူမရဲ့၂၁ရာစုက ကိုယ်ပိုင်အိပ်ယာထက် ပိုအဆင်ပြေသည်။ ဒါဟာ သူမကို အမြဲ ဆက်လက်အိပ်စက်စေခဲ့သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now