အပိုင်း ၁၇၃၊၁၇၄

659 36 2
                                    

Uni
အပိုင်း ၁၇၃ - အတူတူ စားသောက်ပွဲလုပ်ကြရအောင်



 "ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး နျန် အပျိုစင်! ငါတို့က တင်းကြပ်တဲ့ အမျိုးအစားမဟုတ်ဘူး။ မင်းက သိပ်ပြီးသမားရိုးကျဆန်လွန်းတယ်။"

 
ထို့နောက် နန်ကုန်းကျင်းရှီသည် သူ၏မက်မွန်ပွင့် မျက်လုံးများကို လှည့်ပတ်ကြည့်ကာ တိတ်ဆိတ်နေသော လဲ့ယောင်းယောင်းဆီသို့ ရောက်သွားခဲ့သည်။

 
လဲ့ယောင်းယောင်းသည် နန်ကုန်းကျင်းရှီ၏ မျက်လုံးများကို သတိပြုမိသောအခါ သူမက ဦးညွှတ်ပြီး "မင်းသား ကျန်းမာပါစေလို့ ဒီအစေခံက ဆုတောင်းပေးပါတယ် " ဟု ဆိုလေသည်။

 "ဟားဟား! မင်း စောစောနိုးလာတာ သေချာတယ်။ မနေ့ညက ပျော်ခဲ့ရဲ့လား။ နောက်မှ ငါတို့ထပ်သွားသောက်ကြရင်ကော။ အလှဆင်ထားတဲ့ အပျော်စီးသင်္ဘောပေါ်မှာ စားသောက်ပွဲလုပ်ရအောင် ”

 
နန်ကုန်းကျင်းရှီက လဲ့ယောင်းယောင်းကို သူ့ရဲ့အရက်သောက်ဖော်သောက်ဖက် အဖြစ် လိုချင်ခဲ့တာ ရှင်းနေသည်။

 
မင်း သူ့ကို အပြစ်တင်လို့ မရဘူး။ သူသည် မင်းသားယွေ့ နေအိမ်သို့ရောက်ကတည်းက သူအမြဲတမ်း အရက်သောက်ချင်ခဲ့သည်။ ဒါတောင် ခက်ခဲတဲ့ ဆန္ဒတစ်ခု ဖြစ်ခဲ့သည်။ ဆရာတူအစ်ကိုက အရက်သောက်ဖို့ ငြင်းဆန်ပြီး သတိအမြဲကပ်ထားသည်။ ထို့အပြင် လန်ဂျင်းယွိ က ပျင်းစရာကောင်းလွန်းသည်။ သူနဲ့ အတူသောက်ရတာက အဖုံးဖုံးပြီး သောက်ရသလိုပဲ။ အမှတ်မရှိဘူး။

တုန်းဖန်းပိုင် ကတော့ သူ့အရက်ကို သေချာကိုင်တွယ်နိုင်သည်။ သို့သော် သူသည် အမြဲတမ်း ပြေပြစ်သည်။ သူသည် ကြီးမားလှသော အရက်တစ်လုတ်ကို ဘယ်သောအခါမှ မယူဆောင်ဘူး သို့မဟုတ် ကျက်သရေရှိလှသော ပုံရိပ်ကို ဘယ်တော့မှ ဖျက်ဆီးမည်မဟုတ်ပေ။ ထို့ကြောင့် နန်ကုန်းကျင်းရှီ၏ ထင်မြင်ချက်တွင် သူနှင့် အတူသောက်ခြင်းသည်လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။
 ဒါပေမယ့် ဒီကောင်လေးက မတူဘူး။ အနည်းဆုံးတော့ "သူ" သည် သူနှင့်အတူ အရက်သောက်တဲ့ ဂိမ်းများ ကစားနိုင်သည်။ ထို့အပြင် သူသည် ကြီးမားသော ခွက်ကို ယူ၍ ပြင်းပြင်းထန်ထန် သောက်နေလိမ့်မည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now