အပိုင်း ၁၈၃၊၁၈၄

319 22 3
                                    

Uni
အပိုင်း ၁၈၃- နားလည်မှုလွဲခြင်း

 
တုန်းဖန်းပိုင်သည် လန်ဂျင်းယွိ ခံစားရပုံကို နားလည်သောကြောင့် သူ အလွန်စိတ်ဖိစီးနေခဲ့သည်။ လဲ့ယောင်းယောင်း၏ ဒဏ်ရာများသည် ပြင်ပတွင်ရှိပြီး သူမသွေးခုန်နှုန်းအရ ကလေးက နေကောင်းနေသော်လည်း မကြာမီကုသမှုမခံယူပါက သူမ၏အခြေအနေမှာ ပိုဆိုးသွားနိုင်သည်။

 ဒါကိုတွေးပြီး တုန်းဖန်းပိုင်က လန်ဂျင်းယွိကို ဖယ်ထုတ်ဖို့ ဆင်ခြေပေးဖို့ ကြိုးစားနေခဲ့သည်။ ထိုအချိန်တွင် ရှင်း သည် မမျှော်လင့်ဘဲ အခန်းထဲသို့ ဝင်လာပြီး ရိုသေစွာ ဦးညွှတ်ကာ "မင်းသား၊ ဧကရာဇ်က မင်းသားကို တွေ့ချင်နေပါတယ် "

“ဘာ” 

လန်ဂျင်းယွိ၏ မျက်ခုံးများ ကြုတ်သွားကာ တိတ်တိတ်လေး ရေရွတ်ခဲ့သည်။ “အရမ်းနောက်ကျနေပြီကို။ အစ်ကိုတော်က ဘာလို့ တွေ့ချင်ရတာလဲ…”

သူ မသွားချင်ပေမယ့် ဘုရင့်အမိန့်ကြောင့် သူ့မှာ ရွေးချယ်စရာမရှိတာ သဘာဝပင်။

 "မင်း သူ့ကို သေချာဂရုစိုက်ပေးပါ"

“အေးပါ”

 
တကယ်တော့ ဒီကောင်လေးက ငရဲမင်းအတွက်ပဲ အရေးကြီးတာမဟုတ်ဘူး။ သူမသည် တုန်းဖန်းပိုင် အတွက်လည်း အလားတူအရေးပါသူဖြစ်သည်...
တုန်းဖန်းပိုင် လေးလေးနက်နက် တွေးနေချိန်မှာ လန်ဂျင်းယွိက ရှင်းနဲ့ ထွက်သွားခဲ့ပြီ။ အခုဆို အခန်းထဲမှာ သူနဲ့ သတိလစ်နေတဲ့ လဲ့ယောင်းယောင်း တစ်ယောက်ပဲ ရှိတော့သည်။

တုန်းဖန်းပိုင်သည် လဲ့ယောင်းယောင်းမှာ ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိပြီးနောက် စည်ပိုင်းကိုဖြည့်ရန် ရေနွေးပုံးများစွာကို ပြင်ဆင်ဖို့ ရှောင်ထျန်ကို အမြန်ခေါ်ခဲ့သည်။ ထို့နောက် အဒေါ် လျန်းကို ခေါ်လိုက်သည်။

 
အဒေါ်လျန်း သည် အသက်ငါးဆယ်ကျော် ဆွံ့အနားမကြားသူ အမျိုးသမီးတစ်ဦးဖြစ်သည်။ ခင်ပွန်းဖြစ်သူက သူမကို စွန့်ပစ်သွားပြီးနောက်တွင် သူမမှာ အားကိုးစရာ မိသားစုမရှိတော့ပေ။ တစ်ခါက တုန်းဖန်းပိုင်က သူမကို ကယ်တင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ သူမအားချက်ပြုတ်ခြင်းနှင့် အလုပ်များကို ကူညီရန် ဆေးဆေးခန်းသို့ ခေါ်ဆောင်လာခဲ့သည်။
 

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now