အပိုင်း၄၉(Uni)(Zawgyi)

908 79 2
                                    

Uni

F**k ဒီကျွန်ပိုင်လူ့အဖွဲ့အစည်း!

လန်ဂျင်းယွိ ၏အသံမှာ အပူချိန်မရှိပေ အဲ့တာက အခြားသူများကို ထိတ်လန့်တုန်လှုပ်စေသော ဆယ့်နှစ်လမြောက် ချမ်းအေးသောဆောင်းရာသီနှင့် ဆင်တူ၏။


ဝင်လာသော မိန်းမစိုးက ကြောက်လန့်သွားသည်။  စကားထစ်နေသဖြင့် သူ တုန်ယင်နေတာကို မရပ်တန့်နိုင်ပေ။

“ဒ-ဒီ- ကျ-ကျွန်-က- ရှောင်လီဇီပါ။  မ-မင်းသားကိုအစေခံဖို့ မိန်းမစိုးခေါင်းဆောင်က ကျွန်တော်ကို စေလွှတ်လိုက်တာ.....”

သူ့စာကြောင်းကို ပြီးမြောက်အောင်ပြောဖို့ အများကြီး ကြိုးစားခဲ့ရပါတယ်။  ရှောင်လီဇီရဲ့ ပါးလွှာသော ခန္ဓာကိုယ်က တုန်ယင်နေသေးသည်။ ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် လွင့်ထွက်သွားတဲ့ သနားစရာကောင်းသော အဝါရောင် သစ်ရွက်တစ်ရွက်လိုဖြစ်နေတယ်။


ရှောင်လီဇီ ၏ စကားကိုကြားတော့ လန်ဂျင်းယွိ၏ မျက်ခုံးများက ပို၍ပင်ကျုံ့သွားခဲ့ပြီး သူ့မျက်လုံးတွေ လက်သွားခဲ့တယ်

“ရှောင်ယောင်းဇီ  ဘယ်မှာလဲ?”

“မ-မင်းသားကိုလျှောက်တင်ပါတယ် ရှောင်ယောင်းဇီက လောလောဆယ်မှာ အပြစ်ပေးခံနေရပါတယ်။  မိန်းမစိုးခေါင်းဆောင်က သူ့ကို ဝင်ပေါက်တံခါးမှာ ဒူးထောက်ခိုင်းတယ်!”

“ဒူးထောက်ပြီး အပြစ်ပေးတာလား?”

ဒါကိုကြားတော့ လန်ဂျင်းယွိရဲ့ မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး အဲ့တာကိုသူ တွေးလိုက်မိသည် ။  သူ့​အိမ်​တော်မှာ ကျွန်​​တွေအမှား​တွေလုပ်​မိတိုင်း အပြစ်​ဒဏ်​ခံ​ရတယ်​။  ဒူးထောက်၍ အပြစ်ဒဏ်ပေးခြင်းကို ပေါ့ပါးတဲ့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ပြီးသားဖြစ်သည်။  သို့သော်လည်း သူအဲ့အကြောင်းကိုတွေးနေစဉ်တွင် လန်ဂျင်းယွိက မနေနိုင်ဘဲလှည့်ပြီးတော့ အပြင်ဘက်က မိုးရွာသွန်းနေတဲ့ရာသီဥတုကို ငေးကြည့်နေမိသည်။


နွေရာသီရောက်လု နီးပါးဖြစ်သော်လည်း ညအပူချိန်က နေ့ထက် များစွာအေးနေမည်မှာ သေချာပါသည်။  ထို့အပြင် အပြင်ဘက်တွင် မိုးသက်မုန်တိုင်း ကျရောက်ခဲ့ပြီး အခု အရမ်းအေးနေလိမ့်မယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now