အပိုင်း ၆၁(Uni)(Zawgyi)

861 63 2
                                    

Uni

ဆေးသောက်ချိန်ရောက်ပြီ

“ဟားဟား!  အမှန်တော့ ကျွန်တော် အများကြီး မလုပ်ခဲ့ပါဘူး။ အဲ့တာတွေအားလုံးက မင်းသား ယွေ့ ရဲ့ ကျေးဇူးကြောင့်ပါပဲ!”


ရုတ်တရက်ဆိုသလိုပင် ရှောင်မုဇီက သူ့နောက်တွင် ဗုဒ္ဓမြတ်စွာဘုရားကြီးတစ်ဆူ ရပ်နေသေးသည်ကို သိလိုက်ရသည်။  မင်းသားကို ကျေးဇူးတင်ကြောင်းပြသရန် ကိုယ်ကိုလှည့်လိုက်ပြီး ဒူးထောက်ကာ သူ့နဖူးကို ကြမ်းပြင်ပေါ်တွင် အဆက်မပြတ်တိုက်နေ၏။

လန်ဂျင်းယွိရဲ့ မျက်နှာတွင်အမူအရာ သိပ်မရှိနေပေ။  သူ့အတွေးတွေကို တခြားသူတွေကိုတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။  သူလုပ်သမျှက သူ့လက်ကို ဝှေ့ယမ်းပြီး ရှောင်မုဇီကို ထဖို့ ညွှန်ပြခဲ့သည်။

“ကောင်းပြီ၊ မင်းကိုယ်မင်း ခွင့်လွှတ်နိုင်ပါတယ်!”

“အာ..ဟုတ်ကဲ့ ”

ပထမတော့ ရှောင်မုဇီ အနည်းငယ် ချီတုံချတုံ ဖြစ်နေတယ် ဒါပေမယ့် လန်ဂျင်းယွိကို ချောင်းကြည့်ဖို့ ခေါင်းကို မော့လိုက်ပြီး ချက်ချင်းပင် ခေါင်းညိမ့်ပြီး ထွက်ခွာသွားခဲ့သည်။


ရှောင်ယောင်းဇီရဲ့ အသက်ကို မင်းသား ယွေ့ က ကယ်တင်ခဲ့တာ။ရှောင်ယောင်းဇီ ဒီမှာနေတာက အဆင်ပြေသင့်တယ်။


ရှောင်မုဇီ က မိမိကိုယ်ကို ယုံကြည်ပြီး ထွက်ခွာသွားချိန်မှာ သူ့ခန္ဓာကိုယ်ကို တလေးတစား ကွေးညွတ်လိုက်ပါတယ်။ လမ်းသွားရင်းနဲ့ တံခါးကိုပိတ်လိုက်တယ်။


တစ်ဖန် အခန်းထဲတွင် လဲ့ယောင်းယောင်းနှင့် လန်ဂျင်းယွိတို့သာ ကျန်တော့သည်။

ဒါက ဘေးခန်းဆိုပေမယ့် သေးသေးလေးတော့ မဟုတ်ပါဘူး။  မာစတာအိပ်ခန်းနဲ့ယှဉ်ရင် နှိုင်းယှဥ်လို့မရမှန်းသိသာပေမယ့် လဲ့ယောင်း လက်ရှိနေထိုင်နေတဲ့ အစေခံ အခန်းနဲ့ယှဉ်ရင်တော့ ကောင်းကင်နဲ့မြေကြီးကို နှိုင်းယှဉ်ပြထားသလိုပါပဲ။

လဲ့ယောင်းယောင်း သူမ၏ လှပသောမျက်ဝန်းတွေနဲ့ ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေသည်။  အရည်အသွေးအမြင့်မားဆုံး စန္ဒကူးသားကုလားထိုင်များ၊ သာမန်ပုံစံအလှဆင်ထွင်းထုထားသည့် ဗီရိုနှင့် လက်ရှိအိပ်နေတဲ့ ပျော့ပျောင်းတဲ့မွေ့ယာနဲ့ သစ်တော်ပင်အသားနဲ့လုပ်ထားတဲ့ကုတင်တို့ကို သူမ သတိပြုမိလိုက်တယ်။  အရမ်းသက်တောင့်သက်သာရှိတယ်....

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now