အပိုင်း ၁၉(Uni)(Zawgyi)

1.4K 129 0
                                    

Uni

ငရဲမင်းကို မတော်တဆ ပါးရိုက်လိုက်ခြင်း

ပုလွေသံက အလွန်သာယာငြိမ့်ညောင်းတယ် ၊ ထိမိပြီး စွဲမက်ဖွယ်ကောင်းလှသည်။  ရည်ရွယ်ချက်မရှိဘဲ လဲ့ယောင်းယောင်း လုံးလုံးလျားလျား စွဲလန်းသွားခဲ့သည်။

ငြိမ့်ညောင်းသော အသံများဖြင့် ဖန်တီးထားသော ကမ္ဘာထဲသို့ သူမ ဝင်ရောက်လာခဲ့ပုံရသည်။  နောက်ဆုံးတွင် ပုလွေမှုတ်တဲ့အသံက ရပ်သွားသော်လည်း သူမက အဲ့ထဲမှာစိတ်နှစ်နေ သောကြောင့် ဇုန်ထဲကနေ ရုန်းမထွက်နိုင်တော့ပေ။


ရုတ်​တရက်​ဆိုသလို​ ကြယ်​​တွေစုံနေတဲ့ ကောင်းကင်​ကြီးကို အ​မှောင်​ရိပ်​က ဖုံးလွှမ်းသွားခဲ့သည်​။  သူမ မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်သွားပုံရတယ်။ လဲ့ယောင်းယောင်း အဲ့တာဘာလဲဆိုတာကိုတောငိ မစစ်ဆေးဘဲ ဖယ်ရှားရန် စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

ရိုးရိုးသားသားပြောရရင် သူ့မရဲ့မြင်ကွင်းကို ဘယ်အရာမှ ပိတ်ပင်တားဆီးတာကို မလိုလားဘူး။

တိတ်ဆိတ်သောညနေခင်းတွင် သူမ ပြတ်သားပြီး ကျယ်လောင်သော “ ဖောင်း ” ဆိုတဲ့အသံကိုကြားလိုက်ရပြီး လက်ကအနည်းငယ်ထုံကျင်သွားသည်။  ထိုအချိန်တွင် လဲ့ယောင်းယောင်းက သူမ တစ်စုံတစ်ခုကို လက်နဲ့ရိုက်လိုက်မိသည်ကို သိလိုက်ရသည်။သူမ တွေဝေနစ်မြောနေရာမှာ ရုန်းထွက်လိုက်တော့ ဒါဟာ တစ်စုံတစ်ခုမဟုတ်ဘဲ.....တစ်စုံတစ်ယောက်ဆိုတာကို သိလိုက်ရတယ်!!

လူတစ်ယောက်!?!?

လဲ့ယောင်းယောင်းရဲ့ မျက်လုံးတွေပြူးကျယ်လာပြီး သူမဘေးနားရှိလူကို တောင်းပန်ရန် ချက်ချင်း ရပ်လိုက်သည်။  သူမမှာဘယ်သူ့ကိုမှ ပါးရိုက်ဖို့ ရည်ရွယ်ချက်မရှိခဲ့သော်လည်း တစ်စုံတစ်ယောက်ကို ပါးရိုက်လိုက်သေးသည်။

ဒါကိုတွေးပြီး လဲ့ယောင်းယောင်း စကားပြောဖို့အတွက် သူမရဲ့ နီထွေးနေတဲ့ နှုတ်ခမ်းကိုဖွင့်ဟလိုက်သည်။


သို့သော် သူမ စကားတစ်ခွန်းမှ မပြောမီ နောက်ဆုံးမှာတော့ ယောက်ျားတစ်ယောင်ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။  သူမရဲ့ကောင်းကင်ကြီးက ချက်ချင်းဆိုသလို မိုးကြိုးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။  သူမ ပြောမပြတတ်အောင် ထိတ်လန့်သွားသည်-

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now