အပိုင်း ၈(Zawgyi)

776 29 0
                                    

မင်းသား ယွေ့ကို ကိုက်ပြီးနောက်

ယခုအချိန်တွင် သူထုတ်လွှတ်နေသော ဆိုးသွမ်းသော ရောင်ဝါသည် ငရဲဆယ့်ရှစ်အလွှာမှ ထွက်လာသလိုပင်။  ပြောမပြတတ်အောင် ကြောက်စရာကောင်းလှသည်။

လဲ့ယောင်းယောင်းက သူမ၏ ချွေးပေါက်များ ပွင့်လာသည်ကို ခံစားလိုက်ရသည်။  သူမ၏ အမျိုးသမီး ပင်ကိုယ်က ဤသည်မှာ အလွန်အရေးကြီးသော အခိုက်အတန့်ဖြစ်ကြောင်း သူမအား ပြောပြနေသည်။  သူမ အန္တရာယ်ရှိခဲ့သည်။

"ဟားဟား၊  ဒီနေ့မှ ရာသီဥတုကလဲ သိပ်ကောင်းတာပဲ။  ငါ..  ငါအခုမှ ရုတ်... ရုတ်တရက်ကြီး သ..သ..သတိရသွားတယ် ကြည့်စမ်း....  ငါ့မှာလုပ်စရာရှိသေးတာပဲ အမ်း…ငါ...ငါ သွားတော့မယ်နော် ”

လဲ့ယောင်းယောင်းက ရယ်မောရင်း ခြေထောက်နှစ်ချောင်းက ဖြည်းညှင်းစွာ နောက်သို့ဆုတ်သွားသည်။

ဒါပေမယ့် သူမခြေတစ်လှမ်း လှမ်းတိုင်း သူမရဲ့ ပြိုင်ဘက်က ရှေ့ကို တိုးလာခဲ့တယ်။

လောလောဆယ်မှာတော့ သူ့နှုတ်ခမ်းတွေက တဖြည်းဖြည်း ကွေးညွတ်ကာ ပြုံးနေလေရဲ့။

သူ့ အပြုံးက စူးရှစွာ စွဲမက်ဖွယ်ကောင်းသည်။  အဆိပ်ပြင်းတဲ့ ဘိန်းနဲ့ ဆင်တူတယ်။  လှပသော်လည်း သေစေပါသည်။

လန်ဂျင်းယွိ ပြုံးလိုက်တာကြောင့် သူ့ပါးစပ်ထောင့်က သွေးတွေ တဖြေးဖြေး စီးကျလာပါတယ်။

သွေးကနီရဲပြီး ခမ်းနားသည်။  သူ့အသားအရည်နဲ့ ဆန့်ကျင်ဘက်ဆိုတော့ ပိုလို့တောင် ဆွဲဆောင်မှုရှိတယ်။

ဒါကိုမြင်လိုက်ရတော့ လဲ့ယောင်းယောင်း ရဲ့နှလုံးသားက ပိုလို့တောင် ခုန်ပေါက်စပြုလာပါတယ်။

အားးး!  ဒီလို ဟော့တဲ့လူက သူ ပြုံးလိုက်တဲ့အခါ ဘယ်လောက်တောင် ကြောက်စရာကောင်းနေမှာလဲ?  သူမ တကယ်ပဲ ပြုံးမနေဖို့ ပြောလိုက်ချင်တယ်။

ရှင်ပြုံးနေတဲ့အခါ ရှင်မျက်မှောင်ကြုတ်တာထက်တောင် ပိုကြောက်စရာကောင်းတယ်။

ဒါပေမယ့် သူမက ပုံမှန်အားဖြင့် ရဲရင့်သော စိတ်ဓာတ်ရှိသူဖြစ်သော်လည်း ဤလူနှင့် ရင်ဆိုင်ရသောအခါတွင် သူမ၏ နှလုံးသားသည် ကြွက်ထက် သေးငယ်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now