အပိုင်း၁(Uni)

4.1K 229 7
                                    

အချိန်တွေကိုကျော်ဖြတ်ကာ မိန်းမစိုးတစ်ဦးဖြစ်လာခြင်း

လဲ့ယောင်းယောင်းက ကံဆိုးမိုးမှောင်ကျနေသလို ခံစားနေရတယ်။  သူမရဲ့မျက်လုံးတွေကို ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ပွတ်နေပါစေ မြစ်ထဲမှာ မြင်လိုက်ရတဲ့ ပုံရိပ်ဟာ သူမရဲ့ တကယ့်မျက်နှာအစစ်မဟုတ်ပေ။

သို့ပေမယ့် ဒီပုံရိပ်လေးက လှပတဲ့ မြင်ကွင်းတစ်ခုဖြစ်သည်။ဒီပုဂ္ဂိုလ်မှာ ဘဲဥပုံမျက်နှာ ၊ နက်မှောင်သောမျက်ခုံးကွေးကွေးလေး ၊ချောမွေ့သောနှာခေါင်းလေး ၊ စွဲမက်ဖွယ်ကောင်းသော နီထွေးတဲ့နှုတ်ခမ်းတစ်စုံနှင့် ဖော်ပြနိုင်စွမ်းရှိသော မျက်လုံးတစ်စုံရှိသည်။  အံ့သြစရာကောင်းတဲ့ ပေါင်းစပ်မှုတစ်ခုပဲ။ ပြီးပြည့်စုံတယ်!

လဲ့ယောင်းယောင်းက တီဗွီနှင့် မဂ္ဂဇင်းများတွင် လှပသော အမျိုးသမီးများစွာကို မြင်တွေ့ခဲ့ရသော်လည်း သူတို့က ဒီအလှပိုင်ရှင်လေးကို မမှီကြပါဘူး။

လဲ့ယောင်းယောင်းက အချိန်အတော်ကြာသွားတဲ့အထိ ဒီပုံရိပ်လေးကို အကြည့်မလွဲနိုင်ခဲ့ပါဘူး။ ပုံရိပ်က ရင်သပ်ရှုမောဖွယ်ကောင်းနေပေမယ့် တစ်စုံတစ်ယောက်ကများ ဒီအဖြစ်အပျက်ကို ပြောပြပေးနိုင်မလား?

သူမလုပ်ခဲ့တာဆိုလို့ နွေရာသီအားလပ်ရက်မှာ သူမရဲ့သူငယ်ချင်းတွေနဲ့ ဘန်ဂီခုန်ရုံလေးတင်ပါ။ သူမ မခုန်ခင် မျက်လုံးတွေကိုမှိတ်လိုက်သည်။ ဒါပေမယ့် သူမပြန်ဖွင့်လိုက်သောအခါတွင် သူမဤထူးဆန်းသောနေရာသို့ ရောက်နေခဲ့သည်။

သူမရဲ့ သူငယ်ချင်းတွေရော?  ဒီနေရာက ဘယ်နေရာလဲ?  သူမက  ဘယ်နေရာကိုရောက်နေတာလဲ?

လဲ့ယောင်းယောင်းကို အမှန်တကယ် စိတ်အနှောက်အယှက်ပေးနေတဲ့ နောက်ထပ်အရာတစ်ခုမှာ သူမရဲ့ဒီ'စွဲဆောင်မှုရှိလွန်းတဲ့အလှ'ဖြစ်ပြီးတော့ သူမကဘာလို့ နက်ပြာရောင် မိန်းမစိုးဝတ်စုံကို ဝတ်ထားရတာလဲ ? သူမရဲ့ ခန္ဓာကိုယ်ကို ပြန်စစ်ဆေးခဲ့တယ်။ ဤခန္ဓာကိုယ်ပိုင်ရှင်က မိန်းကလေးပဲ!အန်  ဒါဆို ဒါကဘာတွေဖြစ်ကုန်တာလဲ?

လဲ့ယောင်းယောင်း တုန်လှုပ်ပြီးအံ့အားသင့်သွားသည်။ထို့နောက် သူမ နောက်ဆုံးတွင် သဘောပေါက်လာတော့သည်။ သူမအချိန်တွေခုန်ကူးမိခဲ့တယ်ဆိုတာကိုပေါ့!

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now