အပိုင်း၃၇(Uni)(Zawgyi)

1.1K 90 0
                                    

Uni

မင်းသားယွေ့က စျေးပေါတဲ့မြည်းပဲ!


“နန်းတော်ထဲကို!”

“ အမိန့်တော်မြတ်အတိုင်းပါ !”


လန်ဂျင်းယွိ အမိန့်ပေးပြီးကတည်းက ဘယ်သူမှ အချိန်မဖြုန်းချင်တော့ဘူး။မြင်းက အကြာကြီး မြည်ဟီးကာ နန်းတော်ထဲသို့ ထွက်သွားလေသည်။

ပြတ်သားစွာလှည့်နေတဲ့ ဘီးသံက တဖြေးဖြေး မှေးမှိန်မသွားခင်မှာ ခဏတာ လှည့်နေခဲ့ပါသည်။


ယခုမြင်းရထားလုံးကို မမြင်ရတော့သဖြင့် လဲ့ယောင်းယောင်း ၏ မသာယာသောနှလုံးသားက နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။

ကျယ်လောင်သော သက်ပြင်းကို ချလိုက်ပြီးနောက် လဲ့ယောင်းယောင်းက သူမ၏နဖူးပေါ်ရှိ ချွေးများကို သုတ်ရန် သူမ၏လက်ကို ထုတ်လိုက်သည်။  သူမ ကံကောင်းတယ်လို့ ခံစားရတယ်။


ရှောင်မုဇီ၏ အဆိုအရ ငရဲမင်းက နန်းတော်၌ ရှိနေသောအခါတွင် သူမက သူ့ဘာသာသူ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည်။

အဘယ်ကြောင့်ဆိုသော် မင်းသား ယွေ့က နန်းတော်ထဲမှာ ရှိနေစဉ် မင်းသားယွေ့ကို အကာအကွယ်ပေးသော တော်ဝင်အစောင့် လေးဦးရှိနေပြီဖြစ်သည်။ မင်းသားပြန်လာတဲ့အခါကျရင်တော့ နေဝင်ချိန်ဖြစ်သွားလိမ့်မည်။  ထို့ကြောင့် မင်းသား၏ ပုဂ္ဂိုလ်ရေးအရရွေးချယ်ထားတဲ့ မိန်းမစိုးအဖြစ်၊ သူမက နံနက်ပိုင်းနှင့် ညဘက်၌သာ သူ့ကိုခစားရသည်။

ဒါကိုတွေးပြီး လဲ့ယောင်းယောင်း က စိုးရိမ်တကြီးမျက်နှာကို အပြုံးနဲ့ အစားထိုးလိုက်တယ်။

ဒါပေမယ့် သူမ လှည့်လိုက်တဲ့အချိန်မှာတော့ မိန်းမစိုးခေါင်းဆောင်ကြီး၏ ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ရင်ဆိုင်လိုက်ရတယ်။  လဲ့ယောင်းယောင်း ၏ နှလုံးသားက ချက်ချင်းပင် ခုန်ပေါက်သွားသည် ။  သူမရဲ့ဆိုးရွားတဲ့ကံကြမ္မာက မပြီးသေးဘူးဆိုတာ သူမသိတယ်။

“ရှောင်ယောင်းဇီ ၊ မင်းမှာ စိတ်တွေသတ္တိတွေများနေတာ သေချာတယ်ပေါ့လေ !”

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now