အပိုင်း ၂၀(Uni)(Zawgyi)

1.5K 128 3
                                    

Uni

နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခြင်း


နောက်ဆုံးတွင်၊ လူမိုက်သည်သာ လူသတ်တာ၏ ရည်ရွယ်ချက်ကို သိရှိနိုင်မည်ဖြစ်သည်။  သူမက အလန့်တကြားကြီး ဖြစ်နေသည်။

သူမ လွတ်မြောက်ချင်ပေမယ့် သူမခြေထောက်တွေက အမြစ်တွေပေါက်ပြီး မြေကြီးပေါ်မှာ တင်းတင်းကျပ်ကျပ် ကပ်နေပုံပါပဲ။  သူမက ၎င်းတို့ကို မလှုပ်နိုင်သောကြောင့် စကားထစ်လာသည်။

“အိုး….အင့်…မင်း-မင်းသား ယွေ့ ကျွန်တော်မျိုး ရည်ရွယ်ပြီး လုပ်ခဲ့တာ မ….”

"အိုး ?  မရည်ရွယ်ဘူးလား?  မင်း ရည်ရွယ်ချက်မရှိတဲ့အရာတွေ အများကြီးလုပ်နေတာ သေချာပါတယ်…”

လန်ဂျင်းယွိရဲ့ အေးခဲနေတဲ့ အပြုံးက သူ့မျက်နှာပေါ်တွင် ကျန်နေခဲ့သည် ။  သူ့အသံက တိုးလျပြီး ဆွဲဆောင်မှုရှိတဲ့ အသံမျိုးဖြစ်ပေမယ့် နွေးထွေးမှုတော့ မရှိခဲ့ပါဘူး။

“အာ….”

လဲ့ယောင်းယောင်း မျက်နှာ ပျက်သွားသည် ။  လန်ဂျင်းယွိက ဒီနေ့မနက်က သူ့ကို ကိုက်လိုက်သည်ကို ရည်ညွှန်းနေမှန်း သူမ သိသည်။

ဒါပေမယ့် သူမက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါ ။  သူ ရုတ်တရတ် နမ်းလာတာကြောင့် ဒီမနက်က သူ့ကို ကိုက်မိလိုက်တာ။

ယခု သူမ သူ့ကို ပါးရိုက်လိုက်သော်လည်း ရည်ရွယ်ချက်မရှိခဲ့ပေ ။

သူ့လေသံက သူမကို လွှတ်ထားလိုက်ပုံမပေါ်ပေ ။  ဒါက သူမ ခေါင်းပျက်သွားလိမ့်မယ်လို့ ဆိုလိုတာလား ?

လဲ့ယောင်းယောင်းက စောစောက ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရတယ်။  ထိုလူက သူ့လက်များကိုသာ အသုံးပြုပြီး လုပ်ကြံသတ်ဖြတ်သူအားလုံးကို နည်းအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့သည်ကို သူမ လျင်မြန်စွာ သတိရသွားသည်။

နေရာတိုင်းတွင် အလောင်းများရှိသည်။  သွေးနံ့နှင့် အော်သံတွေ

သူ့ရှေ့မှာဒီလူက ကောက်ရိတ်သမားနှင့်တူ၏။  သူသည် အဆက်မပြတ် ရိတ်သိမ်းတတ်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now