အပိုင်း ၁၂၃၊၁၂၄

795 74 4
                                    

အပိုင်း ၁၂၃ - တုန်းဖန်းပိုင်၏ ကယ်တင်မှု

 
လဲ့ယောင်းယောင်းသည် နုနယ်သော ရူရွှမ်းကို ထောင့်တစ်နေရာတွင် သတိပြုမိလိုက်သည်။ သူမကို လူရမ်းကားသုံးယောက်က ဝန်းရံထားသည်။

 လူရမ်းကားသုံးကောင်သည် အလွန်စျေးကြီးသောအဝတ်အစားကို ၀တ်ဆင်ထားသော်လည်း သူတို့၏မျက်နှာများမှာ အလွန်ကိုစိတ်ကြီးဝင်နေသည်။

 သူတို့၏ ချမ်းသာသော နောက်ခံကြောင့် အလွန် ရဲရင့်ပြီး အကြောက်အလန့် မရှိသည်မှာ ထင်ရှားသည်။

သုံးယောက်ထဲက တစ်ယောက်က အရပ်ရှည်တယ်၊ တစ်ယောက်က ပိန်တယ်၊ တစ်ယောက်က ဝတယ်။

လဲ့ယောင်းယောင်းက သူမရဲ့မျက်လုံးကို သူတို့ဆီဝှေ့ကြည့်လိုက်သည်။ ဒါပေမယ့် သူမရဲ့ အကြည့်တွေက ဝတဲ့တစ်ယောက်ဆီမှာ ရစ်ဝဲနေခဲ့သည်။

ဝတဲ့တစ်ယောက်ကို ကြည့်ရတာ အရမ်းရင်းနှီးနေသည်။ သူ့တွင် ကြီးမားသော ခန္ဓာကိုယ်နှင့် ဝက်ခေါင်းမျက်နှာရှိသည်။ အိုးဘုရားသခင်။ သူက အရင်က အရိုက်ခံရတဲ့ သခင်ရှီးမဟုတ်လား။

 
ဒါပေမယ့် အဲ့တာက ကံကြမ္မာဆိုးပဲ။
“ အားးးး” ဝက်သတ်သံကြားပြီးနောက် အရပ်ရှည်တဲ့ကောင်က လဲ့ယောင်းယောင်း ထုတာခံလိုက်ရတဲ့အတွက် သတိလစ်သွားလေသည်။

 
ကျယ်လောင်သော အသံနှင့်အတူ အရပ်ရှည်တဲ့ကောင်က လဲကျသွားသည်။ အ​နားမှာရှိတဲ့သူတွေအားလုံး အံ့အားသင့်သွားကြသည်။

ရူရွှမ်းသည် သစ်ကိုင်းကို ကိုင်ထားသည့်သူက လဲ့ယောင်းယောင်း ဖြစ်သည်ကို မြင်သောအခါတွင် သူမ ပြေးလာပြီး လဲ့ယောင်းယောင်း၏ ရင်ခွင်ထဲသို့ လဲကျသွားသည်နှင့် ချက်ချင်းပင် သူမ၏နှလုံးကို ငြိမ်သက်သွားစေသည်။
 သူမကငိုပြီးတော့ ပြောလိုက်သည်။ "အစ်ကို ယောင်း။"
သူမ အရမ်းစိတ်လှုပ်ရှားသွားသည့။ ဘုရားရေ။ သူမရဲ့အစ်ကို ယောင်း က သူမကို ကယ်တင်ဖို့ လာခဲ့တယ်။ သူမ အရမ်းပျော်တာပဲ...။
အခု သူမက အရပ်ရှည်တဲ့ကောင်ကို အရင်ရှင်းပစ်လိုက်တာ။ ဘာကြောင့်လဲဆိုတော့ သူမရဲ့အမြင်အရ အရပ်ရှည်တဲ့သူက သုံးယောက်ထဲတွင် အခြိမ်းခြောက်ဆုံးဟု ထင်မြင်နေသောကြောင့်ပင်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now