အပိုင်း ၁၇(Uni)(Zawgyi)

1.4K 124 0
                                    

Uni

ဆာလောင်မှုကြောင့် နိုးထလာခြင်း

​ရှောင်မုဇီက သူမရဲ့ ဘေးကနေကြည့်ကာ အာမေဋိတ်သံပြုခဲ့သည်။

“ရှောင်ယောင်းဇီ ၊ နင်က အရမ်းကြည့်ကောင်းတာပဲ!”

“ ဟားဟား၊ နင်ကိုယ်​တိုင်​ကလည်း မဆိုးပါဘူး!”

တစ်ယောက်ယောက်က သူမကို ချီးကျူးတဲ့အသံကိုကြားတော့ လဲ့ယောင်းယောင်း  ကြီးမြတ်တယ်လို့ခံစားလိုက်ရတယ်။  သူမရဲ့ ပုံပန်းသဏ္ဍာန်က မတူတော့ဘူး ပြီးတော့ (မိန်းမစိုးဝတ်စုံကို ၀တ်ဆင်ထားသည်)၊ သူမက အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပဲ။  အမျိုးသမီးတိုင်းက လှတာကို နှစ်သက်ကြပြီး သူမမှာခြွင်းချက်မရှိဘူး။

သူမတွေးနေတဲ့အချိန် ရှောင်မုဇီ ကဆက်ပြောလာခဲ့သည်။ “ဒီနေ့ မင်းတော်တော်ကံကောင်းတယ်။ကံကောင်းစွာနဲ့ပဲ မင်းသား ယွေ့ က မင်းကို ကယ်တယ်ခဲ့တယ်။  အဲ့လိုမှမဟုတ်ရင်တော့ ငါနင့်ကို ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာမဟုတ်ဘူး…”

ရှောင်မုဇီ စိတ်ထိခိုက်လွယ်နေတယ်။သူ့မျက်လုံးတွေက နီရဲလာသည်။

သူနဲ့ ရှောင်ယောင်းဇီတို့ နှစ်ယောက်စလုံးက မင်းသား ယွေ့ ရဲ့ အိမ်တော်ကို တစ်ချိန်တည်း မှာဝင်လာခဲ့ကြသည်။သူတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုက စစ်မှန်တယ်။

ရှောင်မုဇီရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် လဲ့ယောင်းယောင်း နွေးထွေးသွားခဲ့သည်။  အခုကနေစပြီးတော့ ​ရှောင်မုဇီက သူမ၏ရဲ့မိသားစုအဖြစ် ထာဝရရှိနေမည်ဟု သူမ တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့သည်၊ ။  သူ့ကို ထိခိုက်အောင် ဘယ်သူ့ကိုမှ လုပ်ခွင့်မပေးဘူး။ သူတို့လုပ်ခဲလရင် သူမ သေတဲ့အထိ တိုက်ခိုက်ပစ်လိမ့်မယ်!

ကတိသစ္စာပြုပြီးနောက် လဲ့ယောင်းယောင်း တစ်စုံတစ်ခုကို သတိရသွားဟန်တူသည်။

နောက်ဆုံးတော့ သူမ ဖြစ်ပျက်ခဲ့တာတွေကို သတိရသွားမိသည်။

မူလက ငရဲမင်း၏မြှားက သူမဆီသို့ ချိန်ထားခဲ့သည်။ ဒါပေနယ့် တစ်နည်းနည်းနဲ့ မြှားကသူမကို ထိမှန်ခါနီးမှာ ကွေးသွားပြီး ပါးဟူရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့သည် ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now