Chapter 1

3.5K 384 14
                                    

Unicode

Ch-1

ကျန်းလော့ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိိန် သူ့ရှေ့မှာငိုနေတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတယ်။

သူတို့တွေအားလုံးက အနက်ရောင်တွေပဲ ဝတ်ထားကြပြီး ကျန်းလော့ကို ကျောပေးထားတယ်။ ကျန်းလော့ ခဏလောက်ကြောင်နေပြီး အ​ခြေအနေကို အဖြေရှာဖို့ ဘေးဘီကို လှည့်ပတ်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူလှုပ်တဲ့အချိန်မှာ အရှေ့ကငိုနေတဲ့ လူအုပ်ကြီးက ဗြုန်းစားကြီး ရပ်သွားပြီးတော့ နောက်လှည့်ပြီး သူ့ကိုစိုက်ကြည့်နေကြတယ်။ မျက်လုံးနက်တွေက သူ့ကို ငါးရဲ့မျက်လုံးလိုမျိုး* အလိုမကျတဲ့အကြည့်တွေအပြည့်နဲ့ စိုက်ကြည့်နေတယ် '' မင်းဘာလို့မငိုတာလဲ ''
(*မသင်္ကာစရာ မနှစ်မြို့တဲ့အကြည့်)

သူ့အိပ်မက်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲလို့ ကျန်းလော့တွေးလိုက်တယ်။ သူပြုံးလိုက်ပြီး ဖျစ်ညှစ်ထုတ်လိုက်ရတဲ့မျက်ရည်တွေကို လက်ချောင်းတွေနဲ့ သပ်ပြလိုက်တယ်
'' ကျွန်တော်ငိုနေပါတယ် ''

ကျန်းလော့ကိုစိုက်ကြည့်နေတဲ့လူတွေလဲ သူတို့အကြည့်တွေကို ဖယ်လိုက်ပြီး အရှေ့ကိုပြန်လှည့်သွားတယ်။ သူတို့တွေက ဆက်ပြီး 'ဝူဝူဝူ'လို့ အသံထွက်ပြီးငိုနေကြပြီး သူတို့ငိုသံတွေက အတော်လေး စည်းချက်ကျနေတယ်။

အပြင်မှာမိုးရွာနေတဲ့ပုံပဲ မိုးတွေအုံ့နေတယ်။ ပြတင်းပေါက်မှာ ရေငွေ့တွေရိုက်နေပြီး အဖြူရောင်မြူကို ခပ်ပါးပါးမြင်နိုင်တယ်။

သူ့ဘေးက တစုံတယောက်က စကားပြောလာတယ် '' ကျန်းလော့ အကိုချီယုံ့က သေသွားပြီဆိုတော့ မင်းပျော်နေတယ်မလား? ''

ကျန်းလော့ အသံလာရာကို ကြည့်လိုက်တယ်။ ဒါမဲ့ သူလူကိုမမြင်ရသေးခင် သူ့ပုခုံးအထိ ကျနေတဲ့သူ့ဆံပင်ကို စိတ်ဝင်စားသွားတယ်။

နက်မှောင်တောက်ပပြီး ပုခုံးနားအထိ ရှိနေတဲ့ဆံပင်က ပိုးသားတွေလိုပဲ နူးညံ့နေတယ်။ ကျန်းလော့ သူ့ဆံပင်ကိုကိုင်ကြည့်ဖို့ လက်ကို မြှောက်လိုက်တဲ့အခါ သူ့ဘယ်ဘက်လက်ဖမိုးပေါ်မှာ အနီရောင်မှည့်သေးသေးလေးကို မြင်လိုက်ရတယ်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now