Chapter 15

1.2K 293 20
                                    

Unicode

Ch-15

ရုတ်တရတ် ကျန်းလော့ သူ့ကိုချောင်းမြောင်းကြည့်နေသည့် အကြည့်ကို ခံစားမိလိုက်ပြီး ထိုအကြည့်ကြောင့် သူတကယ့်ကို နေရခက်လာတယ်။

ထိုအကြည့်က ​မြွေတစ်ကောင်ကဲ့သို့ သွေးအေးသတ္တဝါတစ်ကောင်၏ အကြည့်နှင့်ဆင်တူကာ သူ့ကျောရိုးတစ်လျှောက်လုံး
အေးစိမ့်သွားစေသည်။ ကျန်းလော့ မျက်မှောင်ကြုတ်လိုက်ကာ သူ့လက်ထဲက စာအုပ်ကိုချပြီး မော့ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်က ကောင်လေးနဲ့ အကြည့်ချင်းဆုံသွားသည်။

ကျန်းလော့၏ တွန့်ချိုးနေသည့်မျက်ခုံးတို့ အနည်းငယ်ဖြေလျော့သွားကာ ထိုကောင်လေးကို မေးခွန်းမေးလိုက်သည် '' မင်းဘာလို့ ငါ့ကိုကြည့်နေတာလဲ ''

ချီယဲ့ '' ငါ့နာမည်က ချီယဲ့ ''

ကျန်းလော့ '' အော်... ''

ချီယဲ့ ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားပြီး မယုံနိုင်သလိုမျက်နှာထားဖြစ်သွားသည်။ တစ်ဖက်လူက သူဘယ်သူမှန်း သိပြီးသွား
တောင်မှ 'အော်' တစ်လုံးပဲ ပြန်ဖြေလိမ့်မယ်လို့ ထင်ထားပုံမရပေ။

ဖန်သားပြင်ထက်က ကြည့်ရှုသူတွေက အကြင်နာကင်းမဲ့စွာ ဝေဖန်နေကြသည်။

[ဟ..ဟ..ဟ ချီယဲ့ မြေကြီးပေါ်မှာ လူးလိမ့်ချင်နေလောက်ပြီ]

[ချီယဲ့ရဲ့စိတ်တိုနေတဲ့မျက်နှာ : ငါက ဉာဏ်ကြီးရှင်ဆိုတာ မသိသေးတဲ့သူ ကမ္ဘာပေါ်မှာရှိသေးတာလား]

'' ငါဘယ်သူလဲဆိုတာ မင်းမသိဘူးလား '' ချီယဲ့ သူ့အသံကို မြှင့်ကာပြောလိုက်တယ်။

ကျန်းလော့ သူပြောတာကို စိတ်မရောက်ဘဲ
မတ်တပ်ထရပ်လိုက်ပြီး ဘယ်ကြည့်လိုက် ညာကြည့်လိုက်ဖြင့် အဝေးက အမှောင်ထုထဲမှာ တစ်စုံတစ်ခုကို လိုက်ရှာနေသည်
'' မင်းနာမည်က ချီယဲ့လို့​ပြောတယ်မလား ''

ချီယဲ့ နင်သွားသည်။ ခဏအကြာမှာ ကျန်းလော့အပြုအမူကိုကြည့်ပြီး သိချင်သွားသည်။ '' မင်းဘာလိုက်ရှာနေတာတုန်း ''

ကျန်းလော့ရဲ့အကြည့်က တဖြည်းဖြည်းချင်း အဝေးက သစ်ပင်ပေါ်ရှိနေရာတစ်ခုသို့ ရောက်သွားသည်။ ထိုနေရာတွေ လေတွေဘာတွေ တိုက်ခတ်နေတာမျိုးရှိမနေဘဲ တစ်ခုခုက ပုန်းခိုနေသလိုမျိုးပင်။ ရုတ်တရတ် သူချီယဲ့ကို ကြည့်လိုက်သည် '' မင်းက အရမ်းအစွမ်းထက်တာလား ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now