Chapter 43

510 101 1
                                    

Unicode

Ch-43

ရွာသူကြီးရဲ့ကျွမ်းကျင်မှုကိုကြည့်ရသလောက်တော့ စတေးခံမိန်းကလေးကိုဒီလိုဆက်ဆံတာမျိုးကဒါပထမဆုံးအကြိမ်မဟုတ်လောက်ဘူး။

ဒါကနတ်ကွန်းမှာကျင်းပတဲ့ရွေးချယ်ပွဲရဲ့
တကယ့်ရည်ရွယ်ချက်လား?

ကျန်းလော့သူ့လက်တွေကိုကျောဘက်တွင်ထားလိုက်ပြီး တမင်သက်သက်ဟာကွက်ချန်
ထားခဲ့သည်။ ရွာသူကြီးသူ့ကိုကြိုးနဲ့မတုပ်ခင်
သူခဏလောက်ရုန်းကန်ချင်ယောင်ဆောင်ပြီးမှ လိမ်လိမ်မာမာနဲ့ကြိးတုပ်ခံလိုက်သည်။

သူရဲ့မိန်းကလေးဆိုတဲ့အခြေအနေကြောင့် ရွာသူကြီးကကြိုးကိုအရမ်းတင်းနေအောင်မတုပ်ပေ။ ကျန်းလော့ရဲ့ခန္ဓာကိုယ်ကိုကြိုးခွေနဲ့အကြိမ်အနည်းငယ်လောက်တုပ်ပြီးတာနဲ့ ရွာသူကြီးကနတ်ဆရာအား '' နတ်ဆရာ... ကျွန်တော်သူ့ကိုကြိုးတုပ်ပြီးပါပြီ ''

နတ်ဆရာသည်နောက်လှည့်ကြည့်ကာ သက်ပြင်းချလျက် '' ရွာသူကြီး... ဒါက ခင်ဗျားကြိုးချည်ထားတဲ့ပုံစံလား? ''

ရွာသူကြီးသည်နားမလည်ဟန်ဖြင့် လက်တွေကိုပွတ်ရင်း ဘာများမှားသွားလို့လဲဆိုပြီးစဥ်းစားကာ ကျန်းလော့ကိုလှမ်းကြည့်သည်။
'' အရင်ကလည်းကျွန်တော်အဲ့လိုပဲချည်ခဲ့တာပါပဲ ''

ကျန်းလော့ရဲ့နဖူးတွန့်သွားသည်။

ချီယုံ့သူ့ကိုထပ်ပြီးပြဿနာရှာတော့မယ်လို့ ကျန်းလော့စိတ်ထင့်နေ၏။

ထင်တဲ့အတိုင်းပဲ နတ်ဆရာကသူ့ဆီလျှောက်လာပြီး ခုနတုန်းကရေစိုသွားတဲ့သူရဲ့အနက်ရောင်ဝတ်ရုံကဘယ်အချိန်တုန်းကခြောက်သွားမှန်းတောင်မသိလိုက်ဘူး။ ပဟေဠိဆန်သောနတ်ဆရာသည်သူ့ရှေ့တွင်မတ်တပ်ရပ်ပြီး အနက်ရောင်ဆံနွယ်လူငယ်အား
ခေါင်းငုံ့ကြည့်နေသည်။

သူဘာလုပ်မလဲဆိုတာကို ကျန်းလော့အေးစက်စွာကြည့်နေသည်။

နတ်ဆရာသည်အနက်ရောင်အဝတ်စုံဖြင့်ရစ်ပတ်ထားသောလက်ကိုမြှောက်ကာ လက်မောင်းပေါ်ကအဝတ်စကိုဆွဲခွာလိုက်တဲ့အခါ လက်နှစ်လုံးခန့်အရွယ်ရှိအဝတ်စက လက်မောင်းမှဖြေးဖြေးချင်းပြုတ်ကျလာ၏။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now