Chapter 40

594 115 2
                                    

Unicode

Ch-40

ယာယီတန်းလျားထဲမှာအိပ်ရတာက တကယ့်ကိုစိတ်ပျက်စရာပဲ။ ကျန်းလော့မှာဖြစ်သမျှအကြောင်းအကောင်းဟုလက်ခံလိုက်ကာ သူ့ဆံပင်ကိုသပ်ရပ်အောင်လုပ်ပြီး သူ့ဘေးနှစ်ဘက်မှလူတွေနဲ့စည်းတားဖို့အတွက် စောင်ကိုသုံးပြီးခြားလိုက်သည်။

ခက်ခဲသောတစ်ညတာကုန်ဆုံးပြီးသွားတဲ့နောက် မနက်ခြောက်နာရီထိုး​တဲ့အခါ ပြိုင်ပွဲဝင်တွေရပ်နားစခန်းမှထွက်ခွာရမည့်အချိန်ဖြစ်၏။

လျောင်စစ်သည်အေးအေးဆေးဆေးပင် လုပ်နေကာ သူပစ္စည်းတွေသိမ်းဆည်းပြီးသွားတဲ့အချိန်မှာ အခန်းထဲတွင်လူတစ်ယောက်မှမရှိတော့ပေ။

သူကလုံးဝအလျင်လိုခြင်းမရှိဘဲ သူ့ခရီးဆောင်အိတ်ကိုသေချာသိမ်းဆည်းနေသည်။
ထို့နောက် လက်ဖဝါးအရွယ်ပလတ်စတစ်အိတ်နှစ်ဆယ်ကိုထုတ်ပြီး သူကလွဲပြီးကျန်တဲ့ပြိုင်ပွဲဝင်တွေရဲ့အိပ်ရာခင်းပေါ်ကဆံပင်မွှေးတွေလိုက်သိမ်းပြီး ပလတ်စတစ်အိတ်ထဲထည့်ကာအိတ်တစ်ခုချင်းစီပေါ်တွင်နာမည်ရေးမှတ်လိုက်သည်။

၎င်းပလတ်စတစ်အိတ်တွေကိုခရီးဆောင်အိတ်ထဲထည့်လိုက်ပြီးမှ မနေ့ညကသိမ်းခဲ့တဲ့အိတ်လေးကိုထုတ်လိုက်သည်။

အနှီပလတ်စတစ်အိတ်ထဲတွင် ရှည်လျားသောဆံချည်မျှင်တစ်ခုကခွေခွေလေးရှိနေသည်။ ပြိုင်ပွဲဝင်တွေထဲမှာဆံပင်ရှည်တဲ့သူကတစ်ယောက်ပဲရှိသည်။

လျောင်စစ်အဲ့ဒီဆံပင်ရှည်ကိုခဏလောက်
သေချာစိုက်ကြည့်ရင်း ကိုယ့်ဘာသာစကားပြောသည်။ '' ဟွားလီ... မနေ့ညကသခင်ကငါ့ကိုယ်ကိုထိန်းချုပ်ပြီး ကျန်းလော့ရဲ့ဆံပင်ကိုဘာလို့ဖိလိုက်တာလဲ? ''

'' ဆံပင်လိုချင်ရင်လဲ မနက်ကျမှထပြီးလိုက်သိမ်းလို့ရတယ်မလား? ''

အခန်းထဲတွင်သူတစ်ယောက်တည်းအပြင်တခြားဘယ်သူမှမရှိသော်ငြား နောက်ထပ်အေးစက်စက်အသံတစ်ခုကဘယ်ကနေမှန်းမသိထွက်ပေါ်လာ၏။ '' သခင်ဘာတွေးနေလဲဆိုတာငါဘယ်လိုလုပ်သိမှာလဲ? မင်းရဲ့အတွေးတွေကိုသခင်ကဖတ်နိုင်တယ်... မင်းသိချင်ရင်သခင့်ကိုမေးကြည့်ပေါ့ ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now