Chapter 49

374 65 7
                                    

Unicode

Ch-49

လေယာဉ်ဆိုက်ပြီးတဲ့နောက် လေဆိပ်ကနေထွက်ထွက်ချင်းမှာ 'ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့ကျောင်းသူကျောင်းသားများကို နွေးထွေးစွာကြိုဆိုပါ၏။- ပိုင်ဟွာတက္ကသိုလ်' ဟူသည့်စာတန်းချိတ်ထားသည့်ဘတ်စ်ကားတစ်စီးကို
မြင်လိုက်ရသည်။

ကားရပ်ထားတဲ့နေရာကသိသာထင်ရှားနေပြီးတော့ စာတန်းကလည်းအရောင်တောက်ပနေကာမျက်လုံးကိုဖမ်းစားနိုင်သည်။ ဒါကြောင့်မကြာခဏဆိုသလို ဖြတ်သွားတဲ့လူတွေကထင်းခနဲဖြစ်နေသည့်ဘတ်စ်ကားကို ခဏခဏလှမ်းကြည့်နေကြသည်။

ကျန်းလော့တို့အုပ်စု '' .... ''

ပထမနေရာကိုနောက်ထပ်တစ်ကြိမ်လွဲချော်သွားခဲ့သည့်ချီယဲ့သည်တစ်လမ်းလုံးစိတ်ဓာတ်ကျနေခဲ့ပြီး အဲ့မြင်ကွင်းကိုမြင်လိုက်ရတော့သူ့မျက်လုံးထောင့်တွေတွန့်ခနဲဖြစ်သွားသည်။ '' ဒါကပိုင်ဟွာတက္ကသိုလ်ရဲ့ကြိုဆိုတဲ့နည်းလား? ''

လူတိုင်းသိုသိုသိပ်သိပ်ဖြင့်ကားပေါ်တက်လိုက်ကြသည်။ ထိုအခါ ကားဆရာကအားလုံးအတွက်ဝမ်းသာအားရဖြင့် ရောင်စုံဗြောက်အိုးတွေဖောက်ပေးသည်။

ကျန်းလော့သည်သူ့ခေါင်းပေါ်မှာအရောင်တလက်လက်ထနေသည့်စက္ကူစတွေတင်နေလျက်နှင့်ပင် ပြတင်းပေါက်နားကခုံမှာအမူအရာကင်းမဲ့နေတဲ့မျက်နှာထားဖြင့်ဝင်ထိုင်လိုက်သည်။

ချီယဲ့ကသူ့ဘေးတွင်ဝင်ထိုင်ပြီး ခေါင်းငုံ့ကာသူ့ကိုယ်ပေါ်ကစက္ကူစတွေကိုဖယ်လိုက်သည်။ အဲ့နောက်ကျန်းလော့ခေါင်းပေါ်ကိုကြည့်လိုက်ပြီး သူ့လက်ဖဝါးတွေယားလာတယ်။ '' မင်းခေါင်းပေါ်မှာစက္ကူစတွေရှိနေသေးတယ် ''

ကျန်းလော့ဆံပင်ကိုလက်ဖြင့်ထိုးဖွလိုက်တဲ့အခါ ဆံပင်တွေကြားကနေ စက္ကူစတွေပြုတ်ကျလာသည်။ '' ကျန်သေးလား? ''

ချီယဲ့ခေါင်းခါပြလိုက်ပြီး ကျန်းလော့ရဲ့နား,နားကအဖြူရောင်ဆံပင်ကိုမြင်တော့
မနေနိုင်ဘဲမေးလိုက်တယ်။ '' ငါအရင်ကတည်းကမေးချင်နေတာ... မင်းဒီနားကဆံပင်ကအဖြူကိုသေချာရွေးဆိုးထားတာလား? ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now