Chapter 10

1.3K 325 11
                                    

Unicode

Ch-10

ကျန်းလော့ ထူးဆန်းစွာ ပြန်မေးလိုက်တယ်
'' မင်းက ငါ့အဆောင်ကို ဝယ်ချင်တယ်... ဟုတ်လား ''

သူတကယ်ကြီး မေးချင်နေမိသည်
'' ငါဒီအဆောင်ကို ရောင်းလို့ရလား '' ဟူ၍။

ကောကျူက အကြည့်တွေတောင် မလွှဲနိုင်ဘဲ '' ငါ...ငါ ဝယ်တော့ဝယ်ချင်ပါတယ်... ဒါမဲ့ ငါ့မှာပိုက်ဆံမရှိဘူး... ''

ကျန်းလော့ '' .... ''

ကောကျူရဲ့စကားတွေကို ကျန်းလော့ကို လာနောက်နေတယ်လို့ ထင်ရပေမယ့် သူ့မျက်နှာအမူအရာကတော့ လိမ်နေတာမဟုတ်ဘူးလို့ ဖော်ပြနေသည်။
ကျန်းလော့ရဲ့မျက်နှာထားက သိမ်မွေ့နေဆဲဖြစ်ပြီး စုတ်တံကို အသာချလို့  အဆောင်ကို ကောက်ကိုင်လိုက်တယ်။

ကျန်းလော့ရဲ့အပြုအမူကို ကောကျူရဲ့မျက်လုံးတွေက လိုက်ကြည့်နေသည်။ ကောကျူရဲ့အမူအရာက တကယ်လား လိမ်နေတာလားဆိုတာ ကျန်းလော့ စစ်ဆေးပြီးတဲ့နောက် သူ့လက်ထဲက အဆောင်ကို လှမ်းပေးလိုက်တယ် '' ရော့... မင်းကိုပေးမယ် '' 

ကောကျူ​ဝမ်းသာသွားတယ်
'' ငါ့ကိုပေးတာလား '' 

ကျန်းလော့ ပခုံးကိုအသာတွန့်လိုက်ရင်း
'' အင်း...မင်းယူလိုက်တော့ '' 

ဒီအဆောင်ကိုဆွဲဖို့ လိုအပ်တဲ့ပစ္စည်းတွေက စားပွဲပေါ်မှာ အကုန်ပြင်ဆင်ပေးထားသည်။ ကျန်းလော့ ဒီအဆောင်ကို လွယ်လွယ်ကူကူနဲ့ ဆွဲခဲ့တာ။ ဒီလိုရိုးရိုးရှင်းရှင်း လုပ်လို့ရခဲ့တဲ့ဟာကို လက်ဆောင်ပေးလိုက်တာက ဘာမှအပန်းမကြီးပါဘူး။ 

ကောကျူဟာ အဆောင်ကိုကိုင်ထားရင်း ပြောစရာစကားပျောက်ရှနေပြီး 
စိတ်လှုပ်ရှားစွာဖြင့် '' ကျန်းလော့ မင်းငါ့ကို လက်တိုလက်တောင်းခိုင်းလို့ရတယ်။ ငါ့မှာပိုက်ဆံမရှိပေမယ့် မင်းရဲ့အဝတ်တွေနဲ့ ပန်းကန်တွေ လျှော်ပေး ဆေးပေးလို့ရတယ်။ အိမ်အလုပ်တွေလုပ်တဲ့နေရာမှာ ငါတော်တယ် '' 

ကျန်းလော့ အမတအနွယ်ဝင်တစ်ပါးကဲ့သို့ ကောကျူကိုကြည့်လိုက်တယ် အဲ့နောက် မလှမ်းမကမ်းမှာ ရပ်နေတဲ့ 
ကြွယ်ဝမှုဆိုတဲ့စကားလုံးနဲ့ ဝန်းရံနေတဲ့ လုယုံ့ရီကို လှမ်းကြည့်လိုက်သည်။ ကမ္ဘာကြီးက အတော့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲဟု တွေးမိကာ သက်ပြင်းချမိ၏။ '' မလိုပါဘူး... မင်းငါ့ကို စာနဲ့ပတ်သတ်ပြီး သင်ပေးရင် လုံလောက်ပါတယ် '' 

This Damned Thirst for Survial[Myanmar Translation]Onde as histórias ganham vida. Descobre agora