Chapter 24

802 204 12
                                    

Unicode

Ch-24

သူတို့တစ်အုပ်စုလုံး စာသင်သည့်ဧရိယာဘက်ကို တစ်ဟုန်ထိုးပြေးကြတော့သည်... လမ်းတစ်လျှောက်မှာ သုန်မှုန်နေသည့်ပြိုင်ပွဲဝင်တွေက သူတို့ကိုအသက်မဲ့စွာ လှမ်းကြည့်နေကြပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် ခေါင်းငုံ့သွားကြ၏။

စိုင်လောင်အာတစ်ယောက် ဘာဖြစ်နေမှန်းကို သဘောမပေါက်တာကြောင့် ပြေးနေရင်း အူကြောင်ကြောင်ဖြင့်မေးသည် '' ငါတို့တွေဘာလို့ပြေးနေကြတာလဲ? ကျန်းလော့ပြောသွားတာက ဘာကြီးတုန်း? ပြီးတော့ သူတို့တွေ ဘာလို့ဝမ်းနည်းနေကြတာလဲ ''

ဝမ်ရန်လန်က သူ့ကိုဂရုဏာအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည် '' ငါတို့တွေ မင်းကို ပထမနေရာရအောင် ခေါ်သွားပေးမလို့လေ ''

စိုင်လောင်အာက ခဏလောက်အံ့အားသင့်သွားပြီး နောက်တော့ တဟီးဟီးဖြင့်ရယ်ကာ
'' ငါတို့နိုင်သွားပြီလား ''

ကောကျူက သက်ပြင်းချကာ '' စိုင်လောင်အာ... မင်းကတော့ ပျော်နေပြီမလား '' သူဘာမှမလုပ်လိုက်ဘဲနဲ့ ရောသောပေါသောနဲ့ အောင်မြင်သွားတယ်လေ။

သူတို့တွေ ဆရာများရုံးခန်းကိုရောက်တဲ့အချိန်မှာ လျိုကျီက အဖမ်းခံလိုက်ရပြီးပြီ။ အခုလိုရုတ်တရတ်ဝင်ဖမ်းလိမ့်မယ်လို့ သူလုံးဝမမျှော်လင့်ထားခဲ့ဘူး။ သူ့ဆံပင်တွေကလည်း ရှုပ်ပွနေလျက် ရဲကားထဲသို့ ရှက်စရာကောင်းသည့်အနေအထားဖြင့် ခေါ်သွားခြင်းခံလိုက်ရသည်။

နောက်ဆုံးမှာတော့ တခြားဆရာတွေက ဝင်ပြောကြသည် '' ရဲအရာရှိကြီး ဘာလို့ဆရာလျိုကို ဖမ်းသွားတာလဲဟင်? ဆရာလျိုက ဥပဒေနဲ့မညီတာမျိုး တစ်ခါမှမလုပ်ဖူးပါဘူး ''

ကျန်းလော့ကတော့ လူအုပ်ကြီး၏အပြင်ဘက်မှာ မတ်တပ်ရပ်နေကာ ၎င်းမြင်ကွင်းကိုကြည့်နေသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီက လူသတ်သမားတွေဒီမှာရှိနေတာကို ရှင်းရှင်းလင်းလင်း သိထားကြသည့်အပြင်
အမှုရဲ့ဖြစ်စဥ်တွေ ၊ လူသတ်တရားခံကဘယ်သူ ၊ နစ်နာသူကဘယ်သူဆိုတာကိုပါ ကြိုတင်
သိထားကြသည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now