Chapter 48

383 69 2
                                    

Unicode

Ch-48

ကျန်းလော့ဟာခိုးလာခဲ့တဲ့ နတ်ဘုရားရုပ်တုရဲ့နှလုံးသားကိုပါယူပြီး ရှန်တုရွာဆီအမြန်ပြေးသည်။

ရှန်တုရွာရဲ့ပုံစံအနေအထားကပြောင်းလဲသွားပြီ။ ရွာထဲမှာလူတွေနှစ်ယောက် ၊သုံးယောက်စုနေတာကို နေရာတိုင်းမှာမြင်နေရပေမယ့် အဲ့ဒီပုံသဏ္ဍာန်တွေကလူမဟုတ်ဘူး... လူတွေရဲ့အဝတ်အစားတွေကိုယူဝတ်ထားတဲ့စက္ကူလူရုပ်တွေပဲ။

၎င်းစက္ကူလူရုပ်တွေကအသက်ပါလွန်းလို့ တကယ့်လူအစစ်တွေနဲ့တောင်ခွဲလို့မရအောင်ဆင်တူသည်။ ကျန်းလော့လှည့်ပတ်ကြည့်လိုက်တော့ ရှန်တုရွာတစ်ရွာလုံး
ဒီလိုမျိုးစက္ကူလူရုပ်တွေနှင့်ပြည့်နှက်နေကာ တကယ့်လူအစစ်တွေတောင်အများကြီးမရှိတော့ဘူး။

ကျန်းလော့စက္ကူလူရုပ်တွေကိုအမြန်ဖြတ်ပြေးပြီး မျက်စိထောင့်ကနေလှမ်းကြည့်လိုက်၏။

သူအရင်နေ့တွေကတွေ့ခဲ့တဲ့ရွာသားတွေအကုန်လုံးလဲ စက္ကူလူရုပ်အဖြစ်ပြောင်းလဲကုန်ပြီ... ရွာသူကြီးအပါအဝင် အနီရောင်ဝတ်စုံနဲ့ကလေးလေးရဲ့မိဘတွေ ၊ပြိုင်ပွဲဝင်နှစ်​ယောက်တောင်မှစက္ကူလူရုပ်အဖြစ် အပြောင်းခံလိုက်ရသည်။ တစ်ချက်ကြည့်ကြည့်လိုက်တဲ့အခါ လူနှစ်ရာကျော်လောက်စက္ကူလူရုပ်ဖြစ်သွားကြပြီ။

ကျန်းလော့မြေအောက်ထဲကစက္ကူလူရုပ်တွေကိုမီးရှို့ခဲ့တာကြောင့် မြေပြင်ပေါ်ကစက္ကူလူရုပ်တွေဟာအသက်စွမ်းအင်ကုန်ဆုံးသွားသလိုဖြစ်သွားပြီး သူတို့ရဲ့နဂိုအခြေအနေကိုရုတ်ချည်းပြောင်းလဲသွားကြသည်။ မျက်စိတစ်မှိတ်အတွင်း လူအယောက်သုံးရာကျော်ရှိနေတဲ့ရွာက လူဆယ်ယောက်ကျော်သာကျန်ခဲ့သည်။ ထိုကဲ့သို့လျှပ်တပြက်ဖြစ်ရပ်ကြောင့်
ပြိုင်ပွဲဝင်တွေထိတ်လန့်သွားကြပြီး တာဝန်ရှိသူကိုအမြန်အ​ကြောင်းကြားလိုက်ကြ၏။

ကျန်းလော့အနီးအနားကိုတစ်ချက်လှည့်ပတ်ကြည့်ပြီးတဲ့နောက် ဝမ်ရန်လန်နဲ့တခြားသူတွေကိုရှာဖို့ တောင်ပေါ်ပြေးတက်လိုက်သည်။

လုယုံ့ရီကိုကျောပိုးပြီးဆေးရုံကိုသွားတဲ့ကွမ်ကျန်းကလွဲပြီး ကျန်တဲ့လူတွေကမြေတွင်းရဲ့အပေါက်ဝမှာစောင့်နေကြသည်။ တစ်နာရီစောင့်ပြီးတဲ့နောက်မှာ ဝမ်ရန်လန်တို့မြေတွင်းထဲကိုခုန်ချချင်စိတ်တွေတဖွားဖွားပေါ်နေပြီ။
တော်သေးတယ်... ကျန်းလော့ကအချိန်မီရောက်လာလို့... ကျန်းလော့အဲ့ရောက်တော့ဘာမှတောင်ရှင်းပြမနေနိုင်ဘူး။ '' အရင်ဆုံးကျောက်တုံးရှာရအောင်... ဒီမြေတွင်းရဲ့အပေါက်ကိုပိတ်ဖို့! ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now