Chapter 45

433 81 2
                                    

Unicode

Ch-45

ထိုအခိုက်အတန့်၌ကျန်းလော့စိတ်အေးသွားသည်... အပြာရောင်အမြီးနဲ့ကင်းမြီးကောက်အမရဲ့သွေးကသူ့လက်ထဲရောက်နေပြီ။

အချိန်ကနှစ်ဆယ့်ငါးမိနစ်နီးပါးဖြစ်နေပြီ။

ကျန်းလော့သည်သူ့စိတ်တွက်,တွက်နေသည့်အချိန်က တကယ့်အချိန်ထက်နှေးနေမှာကိုစိုးရိမ်လို့ တမင်သက်သက်အချိန်ကိုမြန်မြန်ရေတွက်ထားခဲ့သည်။

သူချီယုံ့ဆီကနေငါးမိနစ်အတွင်းလွတ်မြောက်အောင်လုပ်မှဖြစ်မယ်။

ရေကန်ထဲမှချီယုံ့၏ကိုယ်တစ်ဝက်ထွက်ပေါ်လာပြီး သူ့ကိုယ်ပေါ်တွင်ကပ်စေးစေးအဖြူရောင်သွေးတွေက ဖြည်းဖြည်းချင်းစီးကျနေ၏။ အပြာရောင်အမြီးနှင့်ကင်းမြီးကောင်အမ၏သွေးက ဝိညာဥ်ကိုထိန်းသိမ်းပေးပြီးယင်ဓာတ်ကိုကာကွယ်ပေးနိုင်သည့်အစွမ်းရှိတာကြောင့်လားမသိ မကောင်းဆိုးဝါးဝိညာဥ်၏ပုံသဏ္ဍာန်မှာ ခန္ဓာကိုယ်အစစ်ဖြစ်နေသကဲ့သို့ အရင်ကထက်ပို၍လူအသွင်ပေါ်လာသည်။

မတူတာကတော့ မကောင်းဆိုးဝါးဝိညာဥ်ရဲ့ လူတွေကိုပေးစွမ်းနိုင်တဲ့ အန္တရာယ်များတဲ့အငွေ့အသက်ကလည်းပိုတိုးလာသည်။

မကောင်းဆိုးဝါးဝိညာဥ်ကငုံ့ချလာတဲ့အခါ ကျန်းလော့လည်းနောက်သို့ပိုဆုတ်လိုက်သည်။ သူ့ခါးကချွန်ထက်တဲ့ကျောက်နံရံသားနှင့်ပွတ်တိုက်ခံနေရပြီး မကောင်းဆိုးဝါးဝိညာဥ်ရဲ့ဝမ်းဗိုက်ပေါ်မှာထောက်ထားတဲ့သူ့ခြေထောက်လည်း ဆက်ထိန်းမထားနိုင်တော့ဘဲလျှောကျတော့မလိုဖြစ်နေပြီ။

ချီယုံ့လက်ထဲကနေလွတ်အောင် ဘယ်လိုလုပ်ရမလဲ?

ကျန်းလော့သူ့ကိုယ်သူစိတ်ငြိမ်အောင်လုပ်လိုက်ပြီး ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းကိုအမြန်ဆုံးစဥ်းစားလိုက်သည်။

အနက်ရောင်ဆံနွယ်လူငယ်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလျက် သူရဲ့အနက်ရောင်ဆံနွယ်တွေကလေထဲလွင့်နေကာ ခန္ဓာကိုယ်တစ်ခုလုံးက လှပသည့်မျဥ်းကွေးပမာတောင့်တင်းနေ၏။

ကျန်းလော့ရဲ့ကိုယ်ပေါ်မှာမကောင်းဆိုးဝါးဝိညာဥ်ကိုတိုက်ခိုက်ဖို့အတွက် ရွှေရောင်သင်္ကေတတစ်ခုပဲကျန်သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now