Chapter 12

1.1K 329 17
                                    

Unicode

Ch-12

အမှောင်ထဲမှာ တစ်ယောက်မျက်နှာ တစ်ယောက်မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ တော်တော်လေး အနီးကပ်ကြည့်မှ တစ်ဖက်လူ၏ ပုံသဏ္ဍာန်ကို တွေ့ရမှာဖြစ်သည်။

သီချင်းရဲ့စည်းချက်ပြောင်းသွားပြီး ဒရမ်သံက ခြေထောက်အောက်မှာ တဒုန်းဒုန်းမြည်နေကာ ယောကျာ်းမိန်းမတွေဟာ အချင်းချင်း ပူးကပ်သွားကြသည်။ သူတို့ရဲ့ခန္တကိုယ်တွေကို လှုပ်ရမ်းကာ တစ်ယောက်က ရှေ့တိုး တစ်ယောက်က နောက်ဆုတ်ဖြင့် ထူးခြားနက်နဲပြီး မရေမရာစွဲလမ်းမှုကို ဖုံးကွယ်ထားကာ စုံတွဲက,ကနေသည့်ပုံနှင့်ဆင်သည်။

ဒါပေမယ့် ကျန်းလော့နဲ့အမျိုးသားက
ယောကျာ်းနဲ့မိန်းမ ကနေကြသည့် ခြေလှမ်းတွေကြားမှာ ညှပ်နေသည်။

ကျန်းလော့ သူ့ဆံပင်ချထားသည့်ပုံက တကယ့်ကို လှပနေကာ ရဲစွမ်းသတ္တိအပြည့်ဖြစ်နေလျက် ဆံပင်စည်းထားရင် ပိုပြီးတောင် တောက်ပနေသေးသည်။

ဘယ်သူမှ သူ့ကို မိန်းကလေးလို့ ထင်ကြမှာမဟုတ်ဘူး။

ယောကျာ်းလေးနှစ်ယောက် အကကတဲ့နေရာမှာ အတူတွဲကဖို့က နည်းနည်းတော့ ရှက်ဖို့ကောင်းသည်။

သူကလည်း ယောကျာ်းလေးကကွက်တွေကိုပဲ ကမှာ။

ကျန်းလော့နဲ့ ထိုအမျိုးသားတို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့မျက်လုံးတွေထဲမှာ ရှင်းလင်းပြတ်သားသည့် အရိပ်အယောင်တွေ ရှိနေသည်။

သူရှေ့ကဒီလူက ချီယုံ့ရဲ့ရုပ်သေးရုပ် ဖြစ်ဖို့များသည်။ ချီယုံ့နဲ့ သူ့ရုပ်သေးရုပ်ကို တွေ့လိုက်ရတော့ မုန်းတီးစွာဖြင့် ကျန်းလော့အံတွေတကြိတ်ကြိတ် ဖြစ်လာကာ သူဘယ်လိုမှ နောက်မဆုတ်နိုင်ဘူး။

ထိုသူစိမ်းယောကျာ်းက ကျန်းလော့ကို လွမ်းဆွေးနက်ရှိုင်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ ထိုအကြည့်က သူ့ကိုကြည့်မိသူတိုင်းကို အပြစ်ရှိစိတ်ဖြစ်ပေါ်လာစေသည်။

သို့သော် ကျန်းလော့ကတော့ ထိုအကြည့်ကို မတုန်လှုပ်ဘူး။ သီချင်းသံက ပိုပြီးကျယ်လောင်လာကာ သူစိမ်းလူ၏ အကြည့်က ကျန်းလော့ရဲ့ညာဘက်လက်ဆီ ရောက်လာပြီး ရိုးရိုးသားသား
ချီးမွမ်းဟန်ဖြင့် '' လက်ကောက်က အတော်လှသားပဲ ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now