Chapter 14

1.3K 318 25
                                    

Unicode

Ch-14

ဖုန်းမိသားစုက ဂိုဏ်ကြီးခြောက်ဂိုဏ်းထဲက တစ်ခုအပါအဝင်ဖြစ်လာခဲ့ရတဲ့ အကြောင်းအရင်းက သူတို့ရဲ့ကောင်းကင်အရှင် အမွေအနှစ်ကြောင့်ဖြစ်သည်။ ကောင်းကင်အရှင် အမွေအနှစ်က ဖုန်းမိသားစုမျိုးဆက်ကိုပဲ လက်ဆင့်ကမ်းတာဖြစ်၏... ဒါပေမယ့် ကောင်းကင်အရှင်တစ်ယောက်က တပည့် ဒါဇင်ကျော် ဒါမှမဟုတ် တစ်ရာကျော် လက်ခံလို့ရသည်။ သူတို့ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ မိသားစုရာဇဝင်က သာမန်သူတွေ မမှန်းဆနိုင်လောက်တဲ့အထိ ကြီးမားသည်။

ဖုန်းလီက နှစ်တွေအကြာကြီးနေမှ ပေါ်ထွက်လာသည့် အငယ်ဆုံးနှင့်အသန်မာဆုံး ကောင်းကင်အရှင်ဖြစ်သည်။

မူလပိုင်ရှင်က အရင်ကောင်းကင်အရှင်၏ အမည်ခံတပည့်ဖြစ်ပြီး ဖုန်းလီထက် မျိုးဆက်တစ်ခု နိမ့်သည်။ ဒါကြောင့် ဖုန်းလီကို သွားပြီးအရင်နှုတ်ဆက်သင့်သည်။ သို့သော် မူလပိုင်ရှင်ဟာ ဖုန်းမိသားစု၏ များပြားလှသည့်တပည့်တွေကြားထဲက ဘယ်သူမှမမှတ်မိကြတဲ့ သာမန်လူတစ်ယောက်သာဖြစ်သည်။ ဖုန်းလီက သူ့ကိုမှတ်မိလိမ့်မယ်လို့ ကျန်းလော့မထင်တာ​ကြောင့် ကျန်းလော့ အပိုတွေလုပ်ပြီး သွားနှုတ်ဆက်မနေတော့ဘူး။

အောက်ထပ်သို့ ဖုန်းလီဝင်သွားတာကို ကြည့်နေရင်း ကျန်းလော့ရဲ့ မျက်လုံးတွေထဲမှာ တွန့်ဆုတ်မှုသေးသေးလေးတောင် ရှိမနေဘဲ သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။
'' လာလေ... မင်းပဲ ယွင်နန်ဆန်ခေါက်ဆွဲ စားချင်တယ်ဆို ''

သူတို့နှစ်ယောက် နာမည်ကြီးသည့် စားသောက်ဆိုင်ကို လိုက်ရှာပြီး ဆန်ခေါက်ဆွဲမှာလိုက်ကြသည်။ ဆန်ခေါက်ဆွဲတစ်ပွဲတွင် အစာပလာတွေအများကြီး ထည့်ပေးထားကာ ခေါက်ဆွဲပန်းကန်လုံးက ကျန်းလော့မျက်နှာထက်တောင် ကြီးသေးသည်။ သူနဲ့လုယုံ့ရီ အင်္ကျီလက်တွေ မတင်လိုက်ပြီး
ဆန်ခေါက်ဆွဲကို ကိုယ်စီအပီဆွဲကြသည်။

ကျောင်းကန်တင်းမှာ တစ်လလောက်စားပြီးတဲ့နောက် ယဲ့ရွှင်နဲ့လုယုံ့ရီတို့ ပူပူစပ်စပ် အာလူးသုပ်ကို စားခဲ့တဲ့အချိန်တုန်းက ဘာလို့မျက်ရည်ကျလောက်တဲ့အထိ ဖြစ်သွားရလဲဆိုတာ ကျန်းလော့ သဘောပေါက်သွားခဲ့သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now