Chapter 16

1.2K 313 19
                                    

Unicode

Chapter-16

ဒီအခြေအနေမှာ ကျန်းလော့ ခေါင်းထဲမှာ ရုတ်တရတ် နာကျင်မှုကိုခံစားလိုက်ရသည်။

သူစိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး လက်ထဲကဓားနဲ့ အမှောင်ထဲက ပင့်ကူမျှင်တွေကို ဖြတ်ပစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးက အာရုံကြောတွေအားလုံး အန္တရယ်ကျရောက်တော့မှာကိုသိနေသည့်အလား သွေးတွေပွက်ပွက်ဆူနေသလိုဖြစ်နေကာ ဖြတ်နေစဥ်မှာလည်း ပင့်ကူမိစ္ဆာရဲ့လှုပ်ရှားမှုတိုင်းကို မျက်တောင်တစ်ချက်မှ မခတ်လဲ စိုက်ကြည့်နေသည်။

အဲ့ဟာက ဘယ်လိုလုပ်သေရာကာနေ ပြန်ရှင်နိုင်မှာလဲ။ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး အသက်ကတော့ တစ်ချောင်းပဲရှိတာလေ။
အဲ့ပင့်ကူက အခုချီယုံ့ရဲ့ရုပ်သေးရုပ်ဖြစ်သွားလောက်ပြီလို့ သူ့ဝမ်းတွင်းအသိက ပြောနေတယ်။

ဒါမှမဟုတ်... ချီယုံ့ ဝင်ပူးနေတာ။

ဒါက တကယ့်ကိုအဆိုးဆုံးပဲ... သောက်ပြဿနာတက်ပြီ။

ချီယုံ့က ပင့်ကူမိစ္ဆာထက် သန်းပေါင်းများစွာ ပိုပြီးအန္တရယ်များတယ်။ လွန်ခဲ့တဲ့တစ်လကမှ ကျန်းလော့က ချီယုံ့ကိုနှိပ်စက်ထားတာ... တစ်လအကြာကျတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ချီယုံ့လက်ထဲ သူရောက်သွားသည်။

ကျန်းလော့ ဆက်ပြီးသည်းမခံနိုင်တော့ဘူး
'' ချီယုံ့.. "

ပင့်ကူမိစ္ဆာ သူ့ရှိရာဘက်ကိုဖြည်းဖြည်းချင်း
ချည်းကပ်လာတာနဲ့အမျှ သူ့လက်တွေနဲ့ မြန်ဆန်လာသည်။ ပင့်ကူကြီးရဲ့ ခြေချောင်းရှစ်ချောင်းက အမည်းရောင် အဝါရောင်
အမွှေးအမျှင်တွေနဲ့ ဖုံးအုပ်နေကာ အတော်လေး ကြောက်မက်ဖွယ်ကောင်းပေမယ့် ယင်းပင့်ကူမိစ္ဆာကတော့ ကြွကြွရွရွလေး လျှောက်လှမ်းလာသည်။

အနှီပင့်ကူ ခြေလှမ်းလိုက်တိုင်း ကောင်းကင်ဘားတန်းထက်တွင် လျှောက်နေသကဲ့သို့ ဖြစ်နေကာ လူတွေကို ကြောက်လန့်သွားစေပြီး တစ်ကိုယ်လုံးကနေ သေခြင်းတရားကို ခံစားနေရသည်။

ဘေးကချီယဲ့က လေသံတိုးတိုးဖြင့် ပြောသည် '' အဲ့ဟာကြီးက ရှင်နေတုန်းလား... သေသွားပြီမဟုတ်ဘူးလား။ ဘယ်လိုလုပ် ပြန်ရှင်လာတာလဲကွ ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now