Chapter 7

1.3K 311 15
                                    

Unicode

Ch-7

အခုထိ ကျန်းလော့ရင်ထဲမှာ စိုးရိမ်စိတ်အနည်းငယ်ရှိနေဆဲပဲ။ 

နောက်ကျနေပြီဖြစ်လို့ ရဲအရာရှိတွေက 
သူတို့အတွက် စဥ်းစားပေးကာ သူတို့အနားယူဖို့အတွက် ဟိုတယ်အခန်းတွေ စီစဥ်ပေးသည်။ 

လရောင်က မှုန်ပျပျ ဖြာကျနေ၏။
ကျန်းလော့ ခေါင်းနောက်တွင် လက်ဖိထားကာ မျက်နှာကျက်ကိုမော့ကြည့်ရင်း သူဌေးမိန်းမရဲ့မှတ်ဉာဏ်အစိတ်အပိုင်းတွေကို ပြန်တွေးတောနေမိ၏။ 

ကာကွယ်ပေးခြင်း...

ဒီစွဲလမ်းမှုတစ်ခုတည်းကြောင့်ပဲ အမေဖြစ်သူက ပြန်လည်နိုးထလာခဲ့ကာ သူ့သားဘေးမှာ ရင်အုပ်မကွာရှိနေခဲ့သည်။

ထိုကဲ့သို့ ခံစားချက်မျိုးက သူငယ်ချင်း အနည်းငယ်သာရှိပြီး မေတ္တာငတ်ခဲ့တဲ့ ကျန်းလော့အတွက်တော့ အရမ်းထူးဆန်းနေသည်။ ဒီဇိုင်းဌာနက သူ့ပေါင်းနေကျ လုပ်ဖော်ကိုင်ဖက်တွေတောင်မှ အပြင်ပန်းမှာသာ ဆက်ဆံရေးကောင်းကြတာ... သူရဲ့ကိုယ်ပိုင်ဘဝကို ဘယ်သူမှမသိကြဘူး။

ကျန်းလော့အတွက် တစ်ယောက်တည်းပဲမွေးဖွားလာပြီး တစ်ယောက်တည်းပဲ သေရမှာ... ကောင်းကောင်းစား ကောင်းကောင်းနေ မငတ်တာက အကောင်းဆုံးနေထိုင်မှုဘဝပဲ။ 

သူနဲ့မသက်ဆိုင်သည့် အဲ့ဒီလေးလံထိုင်းမှိုင်းတဲ့ ခံစားချက်တွေကို ဖြေးဖြေးချင်း ဖယ်ထုတ်လိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။

အေးချမ်းတဲ့ညလေးတစ်ည....

နောက်တစ်နေ့မနက် သူအောက်ဆင်းပြီး မနက်စာစားဖို့လုပ်တော့ နှစ်ဆယ်ဝန်းကျင်လောက်ရှိမယ့် အသက်ငယ်ငယ်ရဲသားတစ်ယောက်ဟာ စားပွဲမှာထိုင်နေကာ သူတို့ကိုနှုတ်ဆက်လာ၏
'' ပေါက်စီ ၊ အီကြာကွေး ၊ hoisin အနှစ်
အဆင်ပြေရဲ့လားဗျ ''

ကျန်းလော့ အီကြာကွေးကိုလှမ်းယူကာ အပိုင်းသေးသေးဖြတ်လိုက်ပြီး 
ထဲသို့ နှစ်လိုက်သည်။ ထိုအချိန် ရဲသားလေးက '' ဟိုတယ် 129 ရဲ့ပိုင်ရှင် သတိရလာပြီ... သူရဲ့စိတ်အခြေအနေက သိပ်မကောင်းဘူးဖြစ်နေတယ် '' 

This Damned Thirst for Survial[Myanmar Translation]Waar verhalen tot leven komen. Ontdek het nu