Chapter 9

1.2K 313 16
                                    

Unicode

Ch-9

ကျန်းလော့ ဘီယာပုလင်းကို
ဆုပ်ကိုင်လိုက်ပြီး အသံရှိရာသို့ ထိုးချလိုက်သည်။ 

ဒါပေမယ့် သူ့လက်ကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ထားသည်။

ချီယုံ့ပြုံးလိုက်ကာ '' အလျင်မလိုပါနဲ့ ''

'' ငါတို့မှာ အချိန်တွေအများကြီး ကျန်သေးတယ်လေ '' 

.....

အရုဏ်တက်ချိန်မှာ ကျန်းလော့မျက်လုံးတွေ ဆတ်ခနဲပဲ ပွင့်သွားသည်။ 

သူ့မျက်လုံးတွေက ဘယ်ဘက်ကနေ ညာဘက်သို့ တဖြည်းဖြည်း ရွေ့သွားသည်။ စားပွဲခုံက ညာဘက်မှာ ၊ တံခါးလက်ကိုင်က ဘယ်ဘက်မှာ။ ကျန်းလော့ ပြတင်းပေါက်ဘက်ကို စောင်းပြီး ကြည့်လိုက်တော့ ညာလက်ကိုင်နဲ့ဖြစ်ပြီး ပြတင်းပေါက် အပြင်ဘက်မှာ မင်္ဂလာရှိသည့် ရွှေရောင်အရှိန်အဝါကို ခပ်ရေးရေး မြင်နေရသည်။

အိပ်မက်မဟုတ်တော့ဘူး...

ရုတ်တရက် သူ့မျက်နှာ ပျက်ရွင်းသွားပြီး သုန်မှုန်စွာဖြင့် အိပ်ရာမှ ထထိုင်လိုက်တယ်။

အိပ်ရာခင်းပေါ်မှာ လူပုံသဏ္ဍာန် ချွေးစိုကွက်ကြီးရှိနေကာ ကျန်းလော့ရဲ့ အင်္ကျီကျောဘက်မှာလည်း စိုရွှဲနေ၏။  သူအမူအရာမဲ့စွာဖြင့် ဝန်ရံတာတံခါးကို တွန်းဖွင့်လိုက်ပြီး နံနက်ခင်းနေရောင်ခြည် ဖြာကျလျက်ရှိနေသည့် ပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်တယ်။ 

ငှက်တွေရဲ့ ကျည်ကျည်ကျာကျာ အော်သံတွေနှင့်အတူ စာကလေးတစ်ကောင်က လက်ရန်းပေါ်သို့ ပျံလာပြီး ချွန်ထက်နေသည့် ခြေသည်းအစုံက လက်ရန်းကို ကုတ်ယူထားသည်။ 

ရုတ်တရက် သွယ်လျဖြူဥနေသည့် လက်က ငှက်ကို ဖမ်းဆုပ်လိုက်သည်။
ကျန်းလော့ရဲ့မျက်လုံးတွေဟာ သုန်မှုန်နေပြီး သူ့ရှေ့ကငှက်ကို ဆုပ်ကိုင်ထားရင်း သရောပြုံးပြုံးလိုက်ကာ '' မင်းကိုး... '' 

သူ့လက်တွေ တဖြည်းဖြည်း တင်းကျပ်သွားပြီး စာကလေးရဲ့ မည်းနက်ပြီး အသက်မဲ့နေသည့်မျက်လုံးတွေက သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ 
ကျန်းလော့ လက်တွေ တင်းသထက် တင်းလာတယ်... ဒါမဲ့ အခြေအနေတစ်ခု ရောက်တဲ့အခါမှာ သူ့လက်တွေကို ဖြေလျော့လိုက်တယ်။ 

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now